အပိုင်း(၄၈၆)

91 8 0
                                    

အပိုင်း(၄၈၆)

ထျန်းနင်၏ကြေညာချက်က အတော်ကလေး တုန်လှုပ်ခဲ့သည့်တိုင် ထျန်းအကြီးအကဲက တည်ငြိမ်နေသည်။ ထျန်းနင်၏ ဆုံးဖြတ်ချက် နောက်ကွယ်မှ အကြောင်းအရင်းကို သူ ကောင်းကောင်း သိနေခဲ့သည်။

ဖျော်ဖြေရေးလောကမှ ဆုတ်ခွာခြင်းသည် အကြံကောင်း ဖြစ်သည်။ သူမ လုပ်သင့်သည့် အလုပ်ကို လုပ်ဆောင်ခဲ့သည်ဟု သူ ခံစားမိသည်။

"ဘိုးဘိုး၊ အစ်မ၃ရဲ့ ဆုံးဖြတ်ချက်က နှမြောစရာ ကောင်းတယ်လို့ မခံစားရဘူးလား"
ထျန်းကျင်းရွှမ်က ဖျော်ဖြေရေးကို သတင်းကို ကြည့်ကာ မေးမြန်းသည်။
"အစ်မ၃က အဲဒီလို စိတ်ဓာတ်ပျော့ညံ့သူ မဟုတ်ပါဘူး။ ဘာလို့များ ဒီလိုဆုံးဖြတ်ချက်မျိုးကို ရွေးချယ်ခဲ့ရတာလဲ"

"မင်းရဲ့ယောက်ဖက မင်းရဲ့အစ်မကို ကာကွယ်ပေးလိမ့်မယ်။ မင်းကိုယ်မင်းပဲ အာရုံစိုက်စမ်းပါ။ မင်းရဲ့ချစ်သူကောင်မလေးကို မင်းရှာတွေ့ထားပြီမလား"
ထျန်းအကြီးအကဲ မေးမြန်းသည်။

ထျန်းကျင်းရွှမ် ပြုံးလျက် တိတ်တဆိတ် ဝန်ခံခဲ့သည်။

"ဘိုးဘိုးနဲ့ တွေ့ဖို့ ဘယ်တော့ အိမ်ခေါ်လာမှာလဲ"
ထျန်းအကြီးအကဲ ဆက်လက် မေးမြန်းသည်။

"ဘိုးဘိုး၊ အစ်မ၃က အနုပညာရှင် မဟုတ်တော့ဘူး ဆိုတော့ ထျန်းအုပ်စုကို ပြန်လာတော့မယ် ဆိုတဲ့ သဘောထား ဘိုးဘိုး။ စီအီအို ရာထူးကို ယူတော့မှာလား။ ဘိုးဘိုးရော ဘယ်လို တွေးထားလဲ"
ထျန်းကျင်းရွှမ်က တမင်တကာ စကားလမ်းကြောင်းလွှဲသည်။

ထျန်းအကြီးအကဲက သူ့အကြံအစည်ကို သိနေ၍ တခစ်ခစ် ရယ်မောသည်။
"မင်းက ဖျော်ဖြေရေး လောကကြီးထဲ ရောက်နေပြီဆိုတော့ မိသားစု စီးပွားရေးလုပ်ငန်းအတွက် မစိုးရိမ်ပါနဲ့။ အဘိုးမှာ အစီအစဉ် ရှိပြီသားပါ"

အမျိုးသားနှစ်ဦးက ဧည့်ခန်းမှာ ထိုင်စကားပြောကာ တီဗီကြည့်နေသည်။ သို့သော်လည်း သူတို့သိပ်မလှမ်း မကမ်း တစ်နေရာတွင် ထျန်းရွှမ်က ထောင့်တစ်ထောင့်မှာ ပုန်းကွယ်လျက် သုန်မှုန်နေသော မျက်နှာအမူအရာဖြင့် သူတို့ကို စောင့်ကြည့်နေခြင်းကို သူတို့ သတိမထားမိခဲ့ပေ။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now