Ep 265+266+267

139 7 0
                                    

အပိုင်း(၂၆၅)

 
 
 
"ဘယ်အရာတွေကများ မှားယွင်းသွားတာလဲ"
ကျန်းမန်နီ သူမကိုယ်သူမ မေးခွန်းထုတ်နေမိသည်။ သူမက မော်ဒယ်ရှိုးပွဲ များစွာကို လျှောက်လှမ်းဖူးသည့် ဝါရင့်မော်ဒယ်တစ်ယောက်ဖြစ်သည်။ သို့သော်လည်း ထျန်းနင်နှင့် ထိပ်တိုက် ရင်ဆိုင်ရသည့်အခါ သူမရဲ့ကိုယ်ပိုင် အရည်အချင်းများကို ပြန်၍ သံသယဝင်လာမိသည့် အကြောင်းအရင်းကို နားလည်ရ ခက်ခဲနေသည်။ ကျန်းမန်နီသည် ထျန်းနင်ကို ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်ပြီး သူမမြင်ဖူးသမျှ ခြေတံသွယ်လေးများတွင် ထျန်းနင်၏ ခြေတံသွယ်လေးများက ပြီးပြည့်စုံကြောင်း သဘောပေါက်လိုက်သည်။ ပြီးပြည့်စုံသော ခြေတံသွယ်လေးများကို ပိုင်ဆိုင်ထားသူများသည် ကောင်းမွန်သော တင်သားအလှများကိုလည်း ပိုင်ဆိုင်ထားနိုင်ကြောင်း လေ့ကျင့်ခန်း လုပ်သူများသာ သိနိုင်သည်။ ထို့ကြောင့်လည်း ကျန်းမန်နီက သူမရဲ့ ရင်သားအလှနဲ့ တင်သားအလှကို ဂုဏ်ယူဝင့်ကြွားသကဲ့သို့ ထျန်းနင်မှာလည်း လှပသော ခြေတံသွယ်လေးများ ရှိသည်။ ထျန်းနင်ပိုင်ဆိုင်သည့် ခြေတံသွယ်လေးများက တခြားသူ တစ်ဘဝလုံး ပိုင်ဆိုင်ခွင့်မရနိုင်သည့် အဖိုးထိုက်တန်သော ရတနာလေးဖြစ်သည်။ ခမ်းနားထည်ဝါသော ညမီးဆိုင်းရဲ့အောက်မှာ လူတိုင်းရဲ့အမြင်အာရုံက ထျန်းနင်ပေါ်သာ ကျရောက်နေသည်။ ထိုစဉ် အဆုံးသတ်ရလဒ်ကို လက်ခံရန် ခက်ခဲနေသည့် ကျန်းမန်နီက သူမစိတ်ကိုသူမ မထိန်းချုပ်နိုင်၍ ကြမ်းပြင်ပေါ် လဲကျသွားသည်။ သို့တိုင် သူမကို ဆွဲထူပေးမည့်သူတစ်ယောက်မျှ မရှိခဲ့ချေ။
"ဘယ်လိုဖြစ်ရတာလဲ။ ကျန်းမန်နီက သူ့ဂုဏ်သိက္ခာကို မြောင်းထဲ ပစ်ချလိုက်တာပဲ။ ကျန်းမန်နီလိုမိန်းမက မောက်မာတဲ့လူစားမျိုး မဟုတ်ဘူးလား။ ထျန်းနင်က သူ့ကိုရှုံးလိမ့်မယ်လို့ အမြဲတမ်း တွေးနေခဲ့တာလေ။ ဒီလိုအဆုံးသတ်မျိုး ကြုံရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူးမလား။ ထျန်းနင်က ကျန်းမန်နီထက် မော်ဒယ်ကောင်းတစ်ယောက် ဖြစ်ဖို့ ပိုပြီး သင့်တော်တယ်ဆိုတာ လက်တွေ့ သက်သေပြလိုက်တာပဲ။ ထျန်းနင်ရဲ့မျက်နှာကို ကြည့်ရတာ ရင်ထဲအေးနေတာပဲ။ ထျန်းနင်နဲ့ မလိုက်ဖက်တဲ့ အဝတ်အစား ဆိုတာ မရှိနိုင်လောက်ဘူး။ ထျန်းနင်က ဘာဝတ်ဝတ် လိုက်ဖက်နေတာပဲ"
ထိုစဉ် ကျန်းမန်နီက တခြားသူများ ပြောဆိုသောစကားများကို မကြားနိုင်တော့ချေ။ သူမကို နှိုင်းယှဉ်ပြီးပြောဆိုသော စကားများကို မကြားချင်ယောင်ဆောင်ခဲ့လျှင် သူမစိတ်နာကျင်မှု သက်သာနိုင်လိမ့်မည်။
အင်တာနေရှင်နယ် မော်ဒယ်ရှိုးပွဲများတွင် သူမက အမှန်တကယ် တခြားသူများထက် တောက်ပခဲ့ပါသည်။ သို့သော်လည်း ဒါတွေအားလုံးက သူမကို ဒီဇိုင်နာ ရွေးချယ်ပေးခဲ့သည့် အဝတ်အစားများကို ဝတ်ဆင်ခဲ့၍သာ ဖြစ်သည်။ ဒီဇိုင်နာများ ရွေးချယ်ပေးခဲ့သည့်တိုင်အောင် သူမနှင့် မလိုက်ဖက်တဲ့ ဒီဇိုင်းများလည်း အများကြီး ရှိနေပါသေးသည်။ တစ်ဖက်မှာတော့ ထျန်းနင်က သူမဝတ်ဆင်လိုက်သော အဝတ်အစားနှင့် လိုက်လျောညီထွေအောင် ပြုမူနေထိုင်တတ်သည်။
သူမ၏ စိတ်နှင့်နှလုံးသားကို တစ်ပေါင်းတစ်စည်းတည်း ပေါင်းစည်းလိုက်ပြီး အဝတ်အစားနှင့် လိုက်ဖက်ညီအောင် ကိုယ်ဟန်ပြနိုင်သည့်အတွက် သူမရဲ့လှပမှုကို ပို၍ ပေါ်လွင်အောင် ပြသနိုင်သည်။ အရေးကြီးဆုံး အချက်အနေနဲ့ ပြောရမည်ဆိုလျှင် ထျန်းနင်က ကျန်းမန်နီကဲ့သို့ တခြားသူများရဲ့စိတ်အာရုံကို ဖမ်းစားနိုင်စွမ်း ရှိသည်။
သို့တိုင် သူမက တခြားသူများ သတိမထားမိအောင် သိုသိုဝှက်ဝှက် နေထိုင်လေ့ရှိသည်။
တခြားသူများက သူတို့၏လက်ကိုင်ဖုန်းများဖြင့် အမျိုးသမီးနှစ်ယောက်ကို အမိအရ ဓာတ်ပုံလှမ်းရိုက်ကြသည်။ တစ်ယောက်က ဈေးပေါပြီး စက်ဆုပ်ဖွယ်ကောင်းသော အဝတ်အစားကို ဝတ်ဆင်ထားပြီး တခြားတစ်ယောက်ကတော့ အံ့ဩ တုန်လှုပ်ဖွယ်ကောင်းအောင် ချောမော လှပလွန်းသည်။
"ထျန်းနင်ကို ဒီဂါဝန်ဝယ်ပေးမိလို့ ငါတော့ အတော်ကို နောင်တရမိတယ်။ ငါ့ရဲ့အပေါ်ဝတ်ရုံကို ချွတ်ပြီးတော့ ထျန်းနင်ကို ဝတ်ပေးချင်လာပြီ။ ထျန်းနင်ရဲ့အလှကို မြင်ကုန်ပါပြီ"
ထျန်းနင်ရဲ့မျက်နှာက ချက်ချင်းနီလာသည်။ ထို့နောက် မို့ထင်က ထျန်းနင်ကို လွှတ်ပေးလိုက်ပြီး လုံခြုံရေးကို အမိန့်ပေးလိုက်သည်။
"ဒီမော်ဒယ်ကျန်းမန်နီကို အဆောက်အအုံအပြင်ကို လိုက်ပို့ပေးလိုက်"
"မလိုအပ်ဘူး ငါ့ဘာသာငါ ထွက်သွားလို့ရတယ်"
ကျန်းမန်နီက ကြမ်းပြင်ပေါ် ထရပ်လိုက်သည်။ ခပ်တင်းတင်း မျက်နှာထားဖြင့် ခန်းမဆောင် အပြင်ဘက် ထွက်သွားလေသည်။
"ဒီနေ့ ငါအရှက်ခွဲခံရတာ၊ အရှက်ရခဲ့တာကို ငါတစ်ဘဝလုံး အမှတ်ရနေမယ်"
"ကျန်းမန်နီက တကယ်ကို အရှုံးသမားပဲ ရှုံးတာတောင် ရှုံးမဲမဲနေတယ်။ ငါတို့ကို ခြိမ်းခြောက်ချင် နေတာလား။ ကြည့်ရတာ ကျန်းမန်နီက တခြားသူကို တစ်ခါမှ မရှုံးဖူးတော့ ထိချက်နာသွားတာ နေမှာပေါ့။ တော်တော်လေး အရှက်ကွဲသွားလောက်ပြီ"
ကျန်းမန်နီ ထွက်ခွာသွားပြီးနောက် လူတိုင်းက သူတို့ရဲ့စိတ်ခံစားချက်ကို မထိန်းချုပ်ပဲ သူတို့ ထင်မြင်ချက်ကို ပြောဆိုကြသည်။ အချို့သောသူများက ထျန်းနင်ကို ရင်းနှီးရန် ချဉ်းကပ်လာကြသည်။ ထျန်းနင်က သူတို့ကို စကားပြန်ပြောခါနီး မို့ထင်က သူ့ရဲ့အပေါ်ဝတ်ကို ဖယ်ရှားလိုက်ပြီး ထျန်းနင်ကို လွှမ်းခြုံပေးလိုက်သည်။ လူတိုင်းက သူတို့မျက်စိရှေ့မှာ မြင်နေရသည့် မြင်ကွင်းကြောင့် တအံ့တဩ ဖြစ်နေရသည်။ သူတို့ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ နာမည်ကျော် စီအီးအိုက သဝန်ကြောင်လွန်းပြီး ထျန်းနင်၏အလှအပများ သူများမြင်သွားမည်ကို စိုးရိမ်နေပုံရသည်။
"ထျန်းနင် ဒီဝတ်စုံလေး ဝတ်တာကိုတောင် သဲသဲလှုပ်ဖြစ်နေရင် အတွင်းခံဝတ်ပြီးတော့ ပြိုင်ရတဲ့ မော်ဒယ်ရှိုးပွဲတွေဆိုရင် ဘယ်လိုလုပ်မလဲ"
"ဟေး"
ထျန်နင် လှည့်ပြီးတော့ မို့ထင်ကို ကန့်ကွက်သည်။
" ဒီအပေါ်ဝတ်အင်္ကျီကို ဝတ်မခိုင်းနဲ့တော့"
 မို့ထင်က ထျန်နင်ရဲ့ဘေးမှာ မတ်တတ်ရပ်နေပြီး စကားပြန်ပြောလာသည်။
"မင်းက အခု မော်ဒယ်ထျန်းနင်ဘဝကို ပြန်ရောက်သွားပြီဆိုတော့ ကိုယ်က မင်းရဲ့မန်နေဂျာ ပြန်ဖြစ်သွားပြီ။ မင်းရဲ့မန်ဂျာဖြစ်တော့ မင်းက ကိုယ့်ရဲ့စကားကို နာခံရမယ်။ ကိုယ်ပြောသမျှကို နာခံရမယ်လေ"
မို့ထင်ရဲ့အပြောကြောင့် ပတ်ဝန်းကျင်မှာရှိသော အနုပညာရှင်များက ရယ်မောကြသည်။ ဤဂါဝန်ကို ဝယ်ယူမိခဲ့သည့် မို့ထင်တစ်ယောက် နောင်တကြီးစွာ ရနေခြင်းဖြစ်နိုင်သည်။ ဂုဏ်ပြုညစာစားပွဲကို ဆက်လက် ကျင်းပနေသော်လည်း မို့ထင်သည် ဝိုင်ခွက်ကိုချကာ ထျန်းနင်အား စကားလှည့်ပြောလာသည်။
"နားနေခန်းကို လိုက်လာခဲ့"
ထျန်နင်ကို အမိန့်ပေးပြီးနောက် မို့ထင်က သူ့ပတ်ဝန်းကျင်မှာရှိသော မန်နေဂျာနှင့်ဒါရိုက်တာများကို ဖုန်းဆက်ရန်ရှိသည်ဟု အကြောင်းပြချက်ပေးကာ နားနေခန်းဘက်သို့ ထွက်လာခဲ့ခြင်းဖြစ်သည်။ သိပ်မကြာလိုက် ထျန်နင်ကလည်း သန့်စင်ခန်းသွားချင်သည့် အကြောင်းပြချက်ပေး၍ နားနေခန်းဘက်သို့ ထွက်လာခဲ့သည်။ နားနေခန်း အခန်းတံခါးကို ဖွင့်ဖွင့်ချင်း  လူတစ်ယောက်က သူမကိုနံရံကို ဆွဲတွန်းသွားသည်။
ထို့နောက် မို့ထင်ရဲ့ ပြင်းပြသောအနမ်းက သူမရဲ့နှုတ်ခမ်းပေါ် ကျရောက်လာသည်ကို ခံစားမိသည်။ နှစ်ယောက်စလုံး အသက်ရှူမွန်းကျပ်လာမှ မို့ထင်က သူ့ရဲ့နှုမ်းရှိုက်ခြင်းကို ရပ်တန့်လိုက်ပြီး ထျန်နင်ကို ငုံ့ကြည့်လာသည်။
 "ကိုယ့်ရဲ့ချစ်ဇနီးလေး ဘယ်လောက်တောင် ခန္ဓာကိုယ်လှလဲဆိုတာ ကျန်တဲ့သူ မြင်သွားစေချင်လို့သာ ဂါဝန်လေးကို ဝယ်ပေးမိတာ။ နောက်ဆို ဒီလိုဂါဝန်မျိုးတွေ ကိုယ်မဝယ်ပေးတော့ဘူး"
ထျန်းနင် တခွီးခွီး ရယ်မောလိုက်သည်။
"သဝန်တွေတိုနေတာလား"
"ကိုယ်က သဝန်တိုတာ မဟုတ်ပါဘူး။ မင်းက အရမ်းကို ဆွဲဆောင်မှုရှိတော့ တခြားသူတွေ သဘောကျသွားမှာ ကိုယ်ကြောက်နေမိတာပါ"
"ဒါဆိုရင် ချစ်လေး အဝတ်အစား သွားလဲလိုက်ရမလား"
မို့ထင် စကားဆက်ပြောချင်သော်လည်း ထျန်းနင်က သူ့ရဲ့လက်ကလေးကို ရင်ဘတ်ပေါ်တင်ပြီး စကားဆက်ပြောလာသည်။
"ထင် ပတ်ဝန်းကျင်မှာ လူတွေအများကြီး ရှိနေသေးတယ်နော်။ သတိလေးလည်းထားဦး"
နောက်ဆုံးတော့ မို့ထင်က ထျန်းနင်ရဲ့စကားကို နာခံလိုက်ပြီး ထျန်းနင်ကို လွှတ်မပေးခင် ထျန်းနင်ရဲ့နားရွက်ဖျားလေးကို သွားဖြင့် တစ်တိကိုက်လိုက်သည်။
" ဒါဆိုရင် မြန်မြန် ပြန်ကြတာပေါ့"
ထိုစကားကို ပြောပြီးနောက် မို့ထင်က ထျန်းနင်ကို လွှတ်ပေးလိုက်ပြီး နားနေခန်း အပြင်ဘက်ကို ထွက်ခွာသွားသည်။
ထိုစဉ် ဟိုက်ဟွေ့ဖျော်ဖြေရေးမှ အနုပညာရှင်များသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံတချို့အကြောင်း ပြောဆိုနေကြသည်။ အများစုက ထျန်းနင်နှင့် ကျန်းမန်နီကို နှိုင်းယှဉ်ထားသည့် ဓာတ်ပုံအကြောင်းကိုသာ ပြောဆိုနေခြင်းဖြစ်သည်။ ဓာတ်ပုံတစ်ပုံထဲတွင် အတူတူ မတ်တတ်ရပ်နေကြသော်လည်း ကျန်းမန်နီရဲ့အလှအပများက မှေးမှိန်နေပြီး ထျန်းနင်၏ အလှအပများက ပို၍ ထင်းနေသည်။
"ကျန်းမန်နီက သနားစရာ ကောင်းတယ်လို့ ခံစားမိနေတယ်နော်။ ဘာလို့မှန်းလဲမသိဘူး"
 အင်တာနက်ကို အလွန်အကျွံသုံးစွဲသောသူများက သူတို့ရဲ့အမြင်များကို ထုတ်ဖော် ပြောကြား လာကြသည်။
"ငါ့မှာတော့ ကျန်းမန်နီကို ယုံကြည်လိုက်ရတာ။ ထျန်းနင်နဲ့အတူတူ တွဲမြင်ရရင်တောင် ထျန်းနင်ထက် သာမယ်လို့ပဲ အပြည့်အဝ ယုံကြည်ခဲ့တာ"
 "ငါတော့ ထျန်းနင် ဘာလို့နိုင်သွားလဲဆိုတာ အခုတော့သိပြီ။ ထျန်းနင်က ဘယ်အဝတ်ကိုပဲ ဝတ်လိုက်ဝတ်လိုက် အရမ်းကို လိုက်ဖက်ညီတယ်။ သူ့ရဲ့အဝတ်အစားနဲ့ လိုက်ဖက်ညီတဲ့ ကိုယ်ဟန်အနေအထားလည်း လုပ်နိုင်တယ်။ အရေးအကြီးဆုံးတစ်ချက် ပြောရမယ်ဆိုရင် ဒီဓာတ်ပုံကို ဖြန့်တာ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ဖြန့်တယ်ဆိုတာ ငါသတိထားမိတယ်။ ဒီဓာတ်ပုံရဲ့ အဓိက ရည်ရွယ်ချက်က သူတို့ရဲ့ရင်သားတွေကို ထင်သာအောင်ပြတာပဲ"
"ဘာပဲဖြစ်ဖြစ် ထျန်းနင်ပဲနိုင်မယ်လို့ ငါတော့ အပြည့်အဝ ယုံကြည်တယ်။ ထျန်းနင် ဘာအဝတ်ပဲဝတ်ဝတ် ထျန်းနင်နဲ့လိုက်ဖက်နေတာပဲလေ"
 အိမ်ပြန်လမ်းတစ်လျှောက် ကျန်းမန်နီက နောက်ဘက်ထိုင်ခုံမှာ လဲလျောင်းလိုက်ပြီး အော်ဟစ်ငိုကြွေးနေသည်။ Cherlene က ကားဒရိုင်ဘာထိုင်ခုံမှာ ထိုင်နေပြီး ဒေါသမပုံကျရန် ကြိုးစားနေရသည်။ သို့တိုင် သူ့အပေါ်ယုတ်မာခဲ့သည့် မိန်းမယုတ်ကို နာကျင်စေခဲ့သည့် ထျန်းနင်ရဲ့အရည်အချင်းကို လက်ဖျားခါမိသည်။ ထျန်းနင်ကြောင့် သူမစိတ် ကျေနပ်မိသည်။ 
"ငါထျန်းနင်ကို သတ်ချင်တယ်။ အဲဒီမိန်းမရဲ့ဘဝကို ငါ ဖျက်ဆီးပစ်ချင်တယ်"
 ကျန်းမန်နီက အော်ဟစ် ငိုကြွေးနေသည်။
"နင့်မှာ အခွင့်အရေးရော ရှိသေးရဲ့လား"
ကျန်းမန်နီက သူ့ရဲ့အတွေးကို ခနဲ့လိုက်သည်။ အတိတ်ကဆိုလျှင် သူမကို မျက်နှာချို‌သွေးချင်၍ သူမမေးသည့်မေးခွန်းကို ဖြေမည့်သူ အသင့်ရှိနေသည်။ မို့ထင်က သူမရဲ့အဖွဲ့သားအားလုံးကို အလုပ်ထုတ်လိုက်၍ သူမရဲ့ဘဝ အဖော်မဲ့နေပါပြီ။  သူမကိုယ်သူမ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ရတနာတစ်ပါးဟု တွေးထင်ရန် မသင့်တော်ချေ။
ထျန်းနင်က အလိုက်တသိ အဝတ်အစား အဖြူရောင်ဝတ်စုံရှည်လေးကို လဲလှယ်ကာ နန်းပြင်ခန်းမ ထွက်ခွာလာခဲ့သည်။ လူတိုင်းက ထျန်းနင်ကိုမြင်မြင်ချင်း စနောက်ချင်စိတ်ကို မထိန်းချုပ်နိုင်ပေ။
"ညီမ‌ငယ်လေးရေ ဘယ်လိုဖြစ်ရတာလဲ။ ဘာလို့ အဝတ်အစားတွေ လဲလိုက်ရတာလဲ။ တစ်ယောက်ယောက် ဒေါသထွက်မှာ ကြောက်လို့လား။ သဝန်တိုမှာ စိုးလို့လား"
"ညီမငယ်လေး စောနတုန်းကဝတ်တဲ့ ဝတ်စုံက အရမ်းမိုက်တယ်နော်။ သူဌေးမို့ကိုယ်တိုင် ရွေးပေးထားတာလား။ ကြည့်ရတာ အရမ်းကို ဈေးကြီးမယ့်ပုံပဲ"
"ညီမငယ်လေးရေ စောနတုန်းက ညီမလေးနဲ့ မို့သူဌေး အတူတူ ပျောက်သွားတယ်နော်။ ဘာတွေလုပ်ကြတာလဲ။ ညီမလေးတို့နှစ်ယောက်က တစ်ခုခုတော့ တစ်ခုခုပဲနော်"
ထျန်းနင်ကို လူတိုင်းက စနောက်ကျီစယ်သည်ကို မြင်ရသောအခါ မို့ထင်က လူအုပ်စုကြီးကို ဖြတ်ကျော်ပြီး ထျန်းနင်၏လက်ကို ဆွဲကာ ကာကွယ်သည့်သဘောဖြင့် သူ့ဘေးနားကို ဆွဲထားသည်။ မို့ထင်၏ ရန်လိုသော အကြည့်များကြောင့် မည်သူက စနောက် ကျီစယ်ရဲမည်နည်း။
 
 
***
အပိုင်း(၂၆၆)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now