စာစဉ်(၂၁) Ep 286+287+288

119 11 0
                                    

အပိုင်း(၂၈၆)

 
အလုပ်ကိစ္စ ပြောဆိုညှိနှိုင်းပြီးနောက် Coqueက သူတို့ဇနီးမောင်နှံကို ညစာ ဖိတ်ကြားသော်လည်း မို့ထင်က ယဉ်ယဉ်ကျေးကျေး ငြင်းဆန်လိုက်သည်။
 
 
သူတို့ဇနီးမောင်နှံက Coqueကို နှုတ်ဆက်စကား ပြောဆိုကာ အိမ်တော်မှ ထွက်လာခဲ့သည်။
 
 
ထို့နောက် မို့ထင််က သူတို့တည်းခိုသော ဟိုတယ်ကို ကားမောင်းထွက်လာခဲ့သည်။ လမ်းခရီးတလျှောက် မို့ထင်က သူသိလိုသည်ကို မေးမြန်းလိုက်သည်။
 
"ကလေးနဲ့ အဖော်လုပ်ပေးရတာ အဆင်ပြေရဲ့လား"
 
"နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်မိတယ်"
 
ထျန်းနင်က လေးလေးနက်နက် တွေးတောမိသည်။
" Kathyက ဆိုးချင်တယ်"
 
"ဒါဆိုရင် ကိုယ် ဒီအချက်ကို မှတ်ထားလိုက်မယ်"
 
မို့ထင်က ရုတ်တရက် စကားပြန်ပြောလာသည်။
 
" ဟမ်"
 
 
"နောင်အနာဂတ်မှာ ကိုယ်တို့တွေ ကလေးရှိလာရင် ကိုယ်တို့ကလေးက အရမ်းဆိုးသွမ်လို့ မရဘူး"
 
မို့ထင်က လေးနက်သော အမူအရာဖြင့် ပြောဆိုနေသည်။
 
ထျန်းနင် ခပ်တိုးတိုးလေး ရယ်မောပြီး မို့ထင်ကို ကြည့်လိုက်သည်။
 
"ကလေးက ရွေးချယ်ပိုင်ခွင့် ရှိတယ်လို့ တွေးနေတာလား။ လိမ္မာတဲ့သားသမီး ရတာ မရတာက ကံနဲ့လည်း ဆိုင်တယ်"
 
"ကိုယ်တို့တွေ သင်ကြားပေးလို့ရတာပဲလေ"
 
 
ထိုစကားသံကြောင့် ထျန်းနင်က မို့ထင်၏ဖခင် သရုပ်ကို စိတ်ကူးယဉ်ကြည့်မိသည်။ ချစ်စရာကောင်းသော ကလေးငယ်လေးက မို့ထင် အရှေ့မှာ ဒူးထောက်ကာ အသနားခံနေပြီး မို့ထင်က ဆိုဖာပေါ်မှာ ခန့်ခန့်ကြီး ထိုင်နေမည့် မြင်ကွင်းက သူမအတွက် လှပလွန်းနေသည်။
 
 
"ယောက်ျားက ကလေး တကယ်လိုချင်လို့လား"
 
 
ဤတစ်ကြိမ်တွင် မို့ထင်က ထျန်းနင်ကို လေးလေးနက်နက် ကြည့်လာပြီး ခေါင်းခါသည်။
 
"အခုတော့ မလိုချင်သေးဘူး။ နှစ်ပိုင်းလောက်တော့ စောင့်ဦးမယ်။ အခုအချိန်မှာ ကိုယ်အဖြစ်ချင်ဆုံး ဆန္ဒက မင်းကို ချစ်နေရဖို့ပဲ"
 
ထျန်းနင်က မို့ထင်၏ကားမောင်းသမား ထိုင်ခုံကို မှီကာ မို့ထင်၏ပါးမို့မို့လေးကို နမ်းရှိုက်ရန် ကြံရွယ်ခဲ့သော်လည်း မို့ထင်က သူမကို သတိပေးလာသည်။
 
"အန္တရာယ်များတယ်။ ကိုယ့်နေရာမှာကိုယ် ပြန်ထိုင်"
 
" အန္တရာယ်များတယ်လား။ ဒါမှမဟုတ် တစ်ယောက်ယောက်က ချစ်လေးတို့နောက်ကို လိုက်နေလို့လား"
 
ထျန်းနင် မေးမြန်းသည်။
 
" ချစ်လေးရဲ့ အာရုံခံနိုင်စွမ်းနဲ့ တခြားသူ နောက်ယောင်ခံ လိုက်နေတာကို မသိစရာ အကြောင်းမရှိပါဘူး။ ချစ်လေးတို့နောက်ကို အမည်းရောင်ကားတစ်စီး တစ်ချိန်လုံး လိုက်နေတယ်။ သူတို့ကင်မရာက အရမ်းကို အလင်းပြန်လွန်းတော့ မျက်စိစူးတယ်။ ဒါရိုက်တာ အိမ်တော်မှာလည်း Kathyနဲ့ ချစ်လေးကို ဓာတ်ပုံခိုးရိုက်သွားသေးတယ်။ ချစ်လေး ပြောတာ မှန်တယ်မလား"
 
 
" ဟွားရုံစတူဒီယိုကလူတွေက ကိုယ်တို့နောက်ကို လိုက်နေတယ်"
 
မို့ထင် ရှင်းပြသည်။
 
မျှော်မှန်းထားသည့်အတိုင်း သူ့မိန်းမကို လျှော့တွက်ထား၍ မရပေ။ သူ့မိန်းမက အမြင်အာရုံစူးရှလွန်း မျက်စိလျင်လွန်းသည်။
 
 
 
"သူတို့က ဘာလို့ချင်တာလဲ"
 
 
 
"သူတို့ လိုင်းပေါ်မှာ ချန်ခဲ့တဲ့ ကွန့်မန့်အရတော့ ချစ်လေးက ယောက်ျားတကာနဲ့ ပတ်ရှုပ်နေတယ်လို့ စွပ်စွဲထားတယ်။ ဒါကြောင့်လည်းသက်သေ လိုက်စုဆောင်းနေတာလေ"
 
 
"ဒါဆိုရင် ယောက်ျားက သူတို့နဲ့ ရေလိုက်ငါးလိုက် လုပ်နေတာပေါ့ ဟုတ်လား"
 
ထျန်းနင် ခန့်မှန်းသည်။
" ဒါပေမဲ့... "
 
"ကိုယ် ဆက်မစောင့်နိုင်တော့ဘူး"
 
မို့ထင်က စကားဖြတ်ပြောသည်။
" ဒီအခွင့်အရေးကို အသုံးချပြီး ကိုယ်တို့ရဲ့ဆက်ဆံရေးကို အများသိအောင် ဖွင့်ချချင်တယ်။ ချစ်လေးက မို့ထင်ရဲ့ဇနီးဆိုတာ လူတိုင်းကို သိသွားစေချင်တာ။ ကိုယ်တန်ဖိုးအထားရဆုံး ကိုယ့်ချစ်ဇနီးလေးပဲ။ ဒါပေမဲ့ ဒီအကြောင်းကို ဘလိုင်းကြီး ကြေညာလိုက်ရင်တောင် ဟွားရုံစတူဒီယိုက သက်သေလိုက်စုဆောင်းပြီး ချစ်လေးဖို့ သိက္ခာချဖို့ ကြိုးစားဦးမှာပဲ"
 
"အဲလို ဖြစ်လာမှာကို စောင့်နေရတာထက် သူတို့ဘက်က အရင်ဆုံးလှုပ်ရှားလာမှာကို စောင့်ကြိုနေတာ အကောင်းဆုံးပဲ။ သူတို့အစီအစဉ်ကို ထုတ်ပြပြီးတာနဲ့ သူတို့ကို ပထုတ်ပြီး ကိုယ်တို့ရဲ့ပတ်သက်မှုကို ကြေညာမယ်"
 
 
"ဒါဆိုရင် ယောက်ျားက ဟွားရုံစတူဒီယိုကလူတွေကို တမင်မျှားခေါ်ခဲ့တာပေါ့ ဟုတ်လား။ ဒါကြောင့်လည်း လေဆိပ်မှာတုန်းက ပုံမှန်လျှောက်လှမ်းက သွားဖို့ အကြံပြုခဲ့တာပေါ့။ ဒါမှလည်း ချစ်လေးတို့ ဘယ်သွားမလဲ တခြားသူတွေကို သိစေချင်တာမလား"
 
 
ယခုမှ ထျန်းနင်က မို့ထင်၏လုပ်ရပ်တိုင်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားသည်။
 
 
ဟွားရုံစတူဒီယိုက ထျန်းနင်၏ဓာတ်ပုံကို အချိန်အတော်ကြာ ဖွက်ထားခဲ့၍ ဓာတ်ပုံကို အွန်လိုင်းပေါ် တင်လိုက်ခြင်းက သူတို့ရည်ရွယ်ချက် မဖြစ်နိုင်ပေ။ အယ်ဒီတာလင်း၏မျက်နှာပေါ်မှာ သူ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
 
 
အယ်ဒီတာလင်းက ရင်ဆိုင်ရန် မခက်ခဲပါ။ သို့သော်လည်း မို့ထင်က ထိုအခွင့်အရေးကို အသုံးချပြီး သူတို့ပတ်သက်မှုကို ဖွင့်ဟချင်သည်။
 
 
 
"ချစ်လေးက ကိုယ့်ကို အပြစ်တင်လား"
 
 
 
"ဘာအတွက်နဲ့ ချစ်လေးက အပြစ်တင်ရမလဲ"
 
ထျန်းနင်၏မျက်လုံးများက ရုတ်တရက် နီရဲသွားသည်။
"အရမ်းတွက်ချက်တတ်လို့ အပြစ်တင်ရမလား။ ချစ်လေးကို ကာကွယ်ပေးဖို့ ကြိုးစားနေလို့ အပြစ်တင်ရမလား။ ချစ်လေးကို တခြားသူ အသိအမှတ်ပြုအောင် ကြိုးစားပေးနေလို့ အပြစ်တင်ရမလား"
 
"ဟန်ယွီဖန် နဲ့ မို့ယွီရို့ကို လက်စားချေဖို့ ကြိုးစားခဲ့တုန်းက ယောက်ျားအနားကို ချစ်လေး ဘယ်လိုရောက်လာခဲ့လဲ မှတ်မိသေးလား။ ချစ်လေး ဘာမဆို ရင်ဆိုင်ရဲတဲ့ သတ္တိရှိခဲ့လို့ ယောက်ျားကို လက်ထပ်ဖို့အထိ ဆုံးဖြတ်ခဲ့တာပဲ။ ဒါကြောင့် ချစ်လေးယောက်ျားဖြစ်တဲ့ မို့ထင်ရဲ့စိတ်ရင်းအမှန်ကိုပဲ ချစ်လေး မြင်ချင်တယ်။ ဒါကြောင့် ယောက်ျားကို ချစ်လေး အပြစ်မမြင်ဘူး"
 
 
" ကိုယ် မင်းကိုအရမ်းချစ်တယ်။ ဒါကြောင့် ချစ်လေးဘေးနားမှာ နေချင်သလို ချစ်လေးဘက်က မားမားမတ်မတ် ရပ်တည်ချင်တဲ့ ဆန္ဒရှိတယ်"
 
 
"ချစ်လေးတို့တွေ တစ်ဘဝလုံး အတူတူနေရမှာပါ"
 
 
မို့ထင်က လက်လှမ်းလိုက်ပြီး ထျန်းနင်ကို သူ့ရင်ခွင်ထဲဆွဲသွင်းကာ သက်ပြင်းချလိုက်သည်။
 
"ဘုရားသခင်က ချစ်လေးကို ကိုယ့်အနား ခေါ်လာပေးလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကိုယ့်ကို ယုံကြည်ပေးနော်။ ကိုယ်က ချစ်လေးအတွက် အကောင်းဆုံးတွေကိုပဲ ဆောင်ကြဉ်းပေးမယ်"
 
ထျန်းနင်က မို့ထင်ကို အမြဲတမ်း ယုံကြည်ပေးခဲ့ပြီး သူမမှာ ဆက်ယုံကြည်ချင်သည့် စိတ်ကူး ရှိပြီးသား ဖြစ်သည်။
 
 
ထို့ကြောင့်လည်း သူမက တိကျပြတ်သားသော အဖြေကို ပြန်ပြောသည်။
"ကြေညာလိုက်လေ။ ဟွားရုံစတူဒီယိုကို ချစ်လေးတို့အကျိုးအမြတ်အတွက် အသုံးချကြတာပေါ့။ သူတို့အကြံအစည်က ကောလဟာလသတင်း ကြီးကြီးမားမားကို ဖော်ထုတ်ပြီး ချစ်လေး ဘဝကို ဖျက်ဆီးချင်တာပဲလေ"
 
...
 
 
" ထျန်းနင်ရဲ့အရည်အချင်းကို ပေါ့ပေါ့တန်တန် တွေးလို့တော့ မဖြစ်ဘူးနော်၊ နာမည်ကျော် ဒါရိုက်တာရဲ့သမီးနဲ့တော့ သင့်မြတ်အောင် နေနိုင်တာပဲ"
 
တစ်နေ့တာလုံး နောက်ယောင်ခံလိုက်ပြီးနောက် ဟွားရုံစတူဒီယိုမှ သတင်းထောက်များက သူတို့တည်းခိုသော ဟိုတယ်ကို ပြန်လာကြသည်။
 
အယ်ဒီတာလင်းက သူတို့ရိုက်ကူးလာသော ဓာတ်ပုံများကို ကြည့်ရှုက သူ့လက်အောက်ခံများကို စကားပြောသည်။
 
"ဒီကလေးက နာမည်ကြီးဒါရိုက်တာရဲ့သမီး မဖြစ်နိုင်လောက်ပါဘူး။ ထျန်းနင်ရဲ့တိတ်တိတ်ပုန်းသမီးလို့ သတင်းလွှင့်ရမယ်"
 
" ဒါပေမဲ့ မို့ထင်က ဒီနယ်မြေမှာ ရှိနေတယ်လေ။ သူတို့အလုပ်ကိစ္စကြောင့် လာတာ ဖြစ်နိုင်တယ်နော်"
 
 
အယ်ဒီတာလင်းက သူ့ငတုံးလက်အောက်ငယ်သားကိုကြည့်ကာ သူ့လက်ကို ခါရမ်းပြသည်။
 
"ပြင်သစ်မှာ ထျန်းနင်ရဲ့တိတ်တိတ်ပုန်း သမီးရှိတယ်လို့သာ သတင်းရေးစမ်းပါ။ ပြီးရင် အဲဒီကလေးနဲ့ဆော့နေတဲ့ ဓာတ်ပုံကို ဖြန့်လိုက်။ ပြီးရင် ကလေးနဲ့ ထျန်းနင်ရဲ့ဓာတ်ပုံကို ယှဉ်ပြလိုက်။ လူအများစုက အမှန်တရားကို ဂရုစိုက်နေမယ်လို့ တွေးနေသလား"
 
"ဒါက အရမ်းရက်စက်ရာ ကျမယ်နော်"
 
 
" ဟိုက်ဟွေ့ဖျော်ဖြေရေးက ငါတို့ကို ဒီလိုအခြေအနေရောက်အောင် တွန်းပို့ခဲ့တာပဲလေ။ ငါတို့က အချိန်ကို အကျိုးရှိရှိ အသုံးမချတတ်ရင် ပြန်မတိုက်ခိုက်တတ်ရင်တော့ ပေကျင်းမြေပေါ် နောက်တစ်ခေါက် ခြေချဖို့ မတွေးနဲ့တော့"
 
အယ်ဒီတာလင်းက တည့်တိုးပြောချသည်။
" ငါ့အတွက် ဆောင်းပါးတစ်ပုဒ် မြန်မြန် ရေးပေးစမ်းပါ။ ထျန်းနင်က နိုင်ငံရပ်ခြားကို ရောက်နေတော့ အထီးကျန်တဲ့ ဝေဒနာကို ခံနိုင်ရည် မရှိလောက်ဘူး"
 
" အယ်ဒီတာလင်း၊ ထျန်းနင် ဘေးနားမှာ မို့ထင်ရှိနေတာကိုး မေ့နေသလား။ ကမြင်းစရာ လိုအပ်သေးလို့လား"
 
 
"မဖြစ်နိုင်ဘူးဆိုတာ မသေချာဘူးဆိုတာ မရှိဘူး။ ကလူလွန်းတဲ့ သူ့လိုမိန်းမက သူ့စိတ်ဆန္ဒသူ ထိန်းချုပ်နိုင်ပါ့မလား"
 
 
"ဒါပေမဲ့ မို့ထင်လို အကောင်းဆုံး ယောက်ျားကို ပိုင်ဆိုင်ထားလဲ။ ဆန္ဒက မတင်းတိမ်နိုင်ဘူး။ ရလေလိုလေ အိုတစ္ဆေပဲ။ ယောက်ျားတွေကို ငမ်းငမ်းတက် လိုချင်နေတုန်းပဲလား"
 
 
"ပေါက်လွှတ်ပဲစား လျှောက်မပြောနဲ့တော့။ မနက်ဖြန်အတွက် အသင့်ပြင်ထား"
 
အယ်ဒီတာလင်း အမိန့်ပေးသည်။
 
မို့ထင် အနားမှာရှိနေလျှင် သူတို့လိုချင်သော ခိုင်လုံသည့်သက်သေကို ဓာတ်ပုံရိုက်ကူးရန် အခွင့်အရေး နည်းပါးသော်လည်း သူတို့ကံတရားကို စမ်းသပ်ကြည့်ချင်သည်။
 
 
...
 
 
ပေကျေင်း ညဘက်အချိန်အခါ
 
 
အရိုးကွဲမတတ် အေးစက်သော လေထုက တိုက်ခတ်နေသည်။ ညစာ စားသုံးပြီးနောက် ဖန်ယွီက ဟွားကျင်းကျင်းကို စူးစူးစိုက်စိုက် ကြည့်နေသည်။ သူ့မျက်ဝန်းများကို ငေးကြည့်လိုက်ရုံဖြင့် ကျင်းကျင်းကို တစ်စုံတစ်ရာ မေးမြန်းချင်နေမှန်း သိနိုင်သည်။ ဒီည အိမ်ပြန်ပါမည်ဟု ကျင်းကျင်းက သူ့ကို ပြောထားဖူးသည်။
 
 
"ဒီအချိန်လောက်တော့ သတင်းထောက်တွေက မင်းကို မရိပ်မိလောက်ပါဘူး။ နည်းနည်းပါးပါး ရုပ်ဖျက်လိုက် ကိုယ်မင်းကို အိမ်ပြန်ပို့ပေးမယ်"
 
 
ဟွားကျင်းကျင်း ချက်ချင်းပြန်ဖြေသည်။
 
" ကျင်းကျင်းမှာ ဝတ်စရာအဝတ် မပါလာဘူး။ ဒါမှ မဟုတ် ရှင် မေ့နေသလား။ ဒီအိမ်ကို အမျိုးသမီးအတွင်းခံ ဝတ်စုံလေးနဲ့ ရောက်လာခဲ့တာလေ"
 
" မင်းရဲ့လက်ထောက်ကို အဝတ်အစား ယူလာခိုင်းထားတယ်"
 
 
" ဘယ်အချိန်တုန်းကလဲ သိတောင် မသိလိုက်ပါလား"
 
ဟွားကျင်းကျင်းက ကြောင်တိကြောင်တောင် မေးလာသည်။
 
"မင်းနဲ့ ယွဲ့အာတို့ နေ့လည်ခင်း တရေးအိပ်တုန်းက ကိုယ် အိမ်အောက်ဆင်းယူလိုက်တာလေ၊ အဝတ်အစားတွေ မြန်မြန်လဲတော့"
 
 
" တို့ကို ဒီလို မောင်းထုတ်တော့မှာလား"
 
ဟွားကျင်းကျင်းက သူမ၏တိုက်ခန်းကို အမှန်တကယ် မပြန်ချင်ခဲ့ပါ။ ရာသီဥတုက အေးချမ်းပြီး အထီးကျန်ဆန်လွန်းသည်။
"ဧည့်သည်အခန်းမှာပဲ နေဆိုနေပါ့မယ်။ ဒါမှမဟုတ်ရင်လည်း ဆိုဖာပေါ်မှာ အိပ်ဆို အိပ်ပါ့မယ်။ ရှင် အိမ်မှာ မရှိရင်လည်း ယွဲ့အာကို အဖော်လုပ်ပေးမယ်လေ။ ကျွန်မကြောင့် အနှောင့်အယှက် မဖြစ်စေရပါဘူး။ ရှင့်ကို ဖုန်းလည်း မခေါ်ဘူးလို့ ကတိပေးတယ်"
 
ဖန်ယွီက သူမ၏အကြံအစည်ကို နားလည်မှုမလွဲစေချင်၍ ခပ်သွက်သွက် ရှင်းပြမိသည်။
 
"အဲဒီတိုက်ခန်းမှာ တစ်ယောက်တည်း နေရတာ မပျော်ဘူး။ ကျန်းမန်နီ လူလွှတ်ရိုက်ခိုင်းတာ အောင်မြင်တည်းက အဲဒီနေရာက လုံခြုံရေး မကောင်းဘူး။ အဲဲဒီတိုက်ခန်းကို ရောင်းလိုက်ပြီး ရှင့်တို့အိမ်နား ပြောင်းလာမယ်လေ အဲလိုရော ရလား"
 
" ကျွန်မမှာ မိသားစုရော မိတ်ဆွေရော သံယောဇဉ် နှောင်ကြိုးရော မရှိတော့ ဘယ်နေရာ သွားသွား မခြားနားပါဘူး"
 
 
" ဒါဆို မြန်မြန် သွားကြမယ်။ မင်းရဲ့အဝတ်အစားတွေ ပစ္စည်းတွေ မြန်မြန် သွားသိမ်းကြမယ်"
 
နဂိုတည်းက ဖန်ယွီ၏အကြံအစည်က ဤမျှသာ ဖြစ်သည်။
 
***
 
အပိုင်း(၂၈၇)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now