အပိုင်း(၄၅၉)

138 12 0
                                    

အပိုင်း(၄၅၉)

"ဘာဖြစ်လို့လဲ"
ထျန်းနင် ဖုန်းချလိုက်စဉ် သူမ၏မျက်နှာ သုန်မှုန်သွားခြင်းကို မို့ထင် သတိထားမိသည်။

"ဘိုးဘိုးက ထျန်းရွှမ်ကို ထျန်းအိမ်တော် ပြန်ခေါ်လာလို့"
ထျန်းနင်က တည်ငြိမ်စွာ ပြန်ဖြေသည်။
"ကျင်းရွှမ် ပြောတာတော့ အရင်နဲ့ မတူတော့ဘူးတဲ့။ ဒါပေမဲ့ သူ ပြဿနာ ရှာဦးမယ်လို့ ချစ်လေး ခံစားမိတယ်။ ထျန်းရွှမ်ရဲ့ အကျင့်စရိုက်က တစ်နေ့တည်းနဲ့ ပြောင်းလဲလို့ ရတာမှ မဟုတ်တာ"

"အမေက သူ့ကို စောင့်ကြည့်နေမှာပါ။ ချစ်လေး စိုးရိမ်ဖို့ မလိုအပ်ဘူး"
မို့ထင်က ရှားယွီလင်း၏ အရည်အချင်းကို အသိအမှတ် ပြုမိသည်။

ရှားယွီလင်းက အရည်အချင်း ရှိ၍သာ အချိန်ခဏလေးဖြင့် ထျန်းမိသားစု စီးပွားရေးကို တည်ငြိမ်အောင် စီမံ့ခန့်ခွဲနိုင်ခြင်း ဖြစ်သည်။ နှစ်ဝက်တည်းဖြင့် ကုမ္ပဏီက တည်ငြိမ်သော အခြေအနေ ရောက်ရှိခဲ့သည်။

"ဘိုးဘိုး ထပ်စိတ်ပျက်ရမှာကို မမြင်ရက်လို့ပါ"
ထျန်းနင် သက်ပြင်းချသည်။
"ဘယ်လိုပဲဖြစ်ဖြစ်ပါ။ သူ အမှန်တကယ် ပြောင်းလဲသွားဖို့ပဲ မျှော်လင့်ပါတယ်"

ဤတစ်ကြိမ်တွင် ထျန်းနင်က သူမကို သိက္ခာချသည့် ဖြစ်ရပ်နှင့် ထျန်းရွှမ် ဆက်စပ်နေခြင်းကို မသိသေးပေ။ သူမ၏ကလေးကို ကာကွယ်စောင့်ရှောက်ရန်သာ အာရုံစိုက်ထားသည်။ သို့သော်လည်း သိပ်မကြာခင်မှာ အမှန်တရား ပေါ်ပေါက် လာလိမ့်မည်။

ထိုနေ့ညက သူတို့ဇနီးမောင်နှံသည် မို့အကြီးအကဲနှင့်အတူတူ အိမ်မှာ ညစာစားနေကြသည်။ မို့အကြီးအကဲက ယပ်တောင်လေး ခတ်ပြီး နှုတ်ဆိတ်နေသော ထျန်းနင်ကို အာရုံစိုက်နေသည်။ သူ စကားပြောမှားပြီး ထျန်းနင်၏ခံစားချက်ကို မရည်ရွယ်ပါဘဲ ထိခိုက်မိမည်ကို စိုးထိတ်နေမိသည်။

ထျန်းနင် ဆက်လက် နှုတ်ဆိတ်နေပြီး မို့ထင်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ပေ။  တိတ်ဆိတ်နေသော  ပတ်ဝန်းကျင် အခြေအနေက မို့အကြီးအကဲကို အလွန်အမင်း နေမထိ ထိုင်မသာ ဖြစ်စေသည်။ ထို့ကြောင့် အဆုံးသတ်မှာ သူက တိတ်ဆိတ်မှုကို ဖြိုခွင်လိုက်သည်။
"ဘာလို့ အလုပ်စောစော ပြန်လုပ်တာလဲ။ ရက်ပိုင်းလောက် ထပ်အနားယူပါဦးလား"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now