Ep 298+299+300

123 10 0
                                    

အပိုင်း(၂၉၈)

 
အဖေချွမ် အပြင်းအထန် နေမကောင်း ဖြစ်နေသည်။ အရေးပေါ် ဆေးရုံတင်လိုက်ရပြီးနောက် အစာအိမ်ကင်ဆာရောဂါဖြစ်နေမှန်း သိလိုက်ရသည်။
 
 
အဖေချွမ် သတိရရချင်း ပထမဆုံးလုပ်ဆောင်သည့်အပြုအမူက သူ့ရှေ့နေကို ဖုန်းဆက်အကြောင်းကြားရန် သူ့အတွင်းရေးမှူးကို ညွှန်ကြားလိုက်ပြီး သူ့ကို လာရောက်တွေ့ဆုံရန် မို့ထင်ကို ဖိတ်ကြားခဲ့သည်။
 
 
ကြယ်ဘုရင်ဖျော်ဖြေရေးမှ ရှယ်ရာရှင်များလည်း ထိုသတင်းကိုကြားကြားချင်း ဆေးရုံကို ရောက်ချလာသည်။ ရှယ်ရှာရှင်တချို့တလေက အဖေချွမ်ကို ကျန်းမာရေးဂရုစိုက်ရန် မှာကြားကြပြီး တခြားသူများက လုပ်ပိုင်ခွင့်အာဏာ လွှဲပြောင်းပေးရန် အဖေချွမ်ကို တောင်းဆိုကြသည်။ သူတို့က အဖေချွမ်၏ရာထူးကို မျက်စိကျနေသည်မှာ ကြာပါပြီ။
 
 
အဖေချွမ် ဒေါကန်လာ၍ အဖေချွမ်၏အစာအိမ်က ပို၍ပို၍ နာကျင်လာသည်။ ထိုအဖြစ်အပျက်ကို မျက်မြင်တွေ့နေရသည့် အတွင်းရေးမှူးက ချွမ်ရဲ့ကို ဆက်သွယ်ပေးရမလား မေးမြန်းလာသည်။
 
 
အဖေချွမ်က တုန်တုန်ရီရီဖြင့် လက်ခါပြသည်။ သူ့လက်ရှိအခြေအနေကို မသိစေချင်ပါ။
 
 
ဆေးရုံအခန်းအတွင်းမှာ ရှယ်ရာရှင်တချို့တလေက အဖေချွမ်ကို ရှယ်ရာလွှဲပြောင်းပေးရန် ဖျောင်းဖျကြသည်။ ချွမ်ရဲ့ကို ရှယ်ရာလွှဲပြောင်းခဲ့ခြင်းထက် ပိုကောင်းမွန်လိမ့်မည်ဟု သူတို့ ယုံကြည်လက်ခံထားသည်။
 
 
သို့သော်လည်း အဖေချွမ်က စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပါ။ နွမ်းလျသော မျက်နှာက ဆုံးဖြတ်ချက်ပြတ်သားသော အမူအရာကို ပြသနေသည်။
 
 
ချွမ်ရဲ့ကို သွန်သင်ဆုံးမပေးမှု ညံ့ဖျင်းခဲ့၍သာ ယနေ့လို အဖြစ်အပျက်မျိုး ကြုံဆုံရခြင်းဖြစ်သည်။
 
 
"ချွမ်သူဌေးကြီး ၊ ခင်ဗျားရဲ့လုပ်ပိုင်ခွင့်အာဏာကို ပေးပါမယ်လို့ ခေါင်းညိတ် သဘောတူလိုက်တာ ပိုကောင်းမယ်ထင်တယ်။ခင်ဗျားလည်း သိက္ခာမကျတော့ဘူး။ ကြယ်ဘုရင်ဖျော်ဖြေရေးကို ချွမ်ရဲ့လက်ထဲ အပ်ခဲ့လို့ကတော့ ကျုပ်တို့တွေအတွက်လည်း အဆင်မပြေလောက်ဘူး"
 
 
"ငါ မသေသေးပါဘူး"
 
အဖေချွမ်က ခပ်ပြတ်ပြတ်လေသံဖြင့် ပြန်ပြောသည်။
 
"ကျုပ်တို့က အဲလိုသဘောမျိုး မဟုတ်ပါဘူး"
 
 
သိပ်မကြာလိုက် မို့ထင်က သက်တော်စောင့်များ ခြံရံကာ ဆေးရုံခန်းထဲ ဝင်ရောက်လာသည်။ ရှယ်ရာရှင်များက မို့ထင်ကို မြင်တွေ့တွေ့ချင်း သူတို့မျက်နှာအမူအရာကို ပြောင်းလဲလိုက်သည်။
 
"မို့သူဌေးက ဘာအကြောင်းကိစ္စရှိလို့ ဒီနေရာကို ရောက်လာတာလဲ"
 
"ငါက မို့သူဌေးကို ဖိတ်ခေါ်ထားတာ"
 
အဖေချွမ်က သူ့ကိုဆွဲထူရန် အတွင်းရေးမှူးကို အချက်ပြလိုက်ပြီး ရှေ့နေကို သွားခေါ်စေသည်။
 
"ငါကိုယ်တိုင် ကြယ်ဘုရင်ဖျော်ဖြေရေးကို တည်ထောင်ခဲ့တာပါ။ အရည်အချင်းမရှိတဲ့ ငါ့သားကို လက်လွှဲပေးခဲ့လို့ မရမှန်း ငါကိုယ်တိုင် သိပါတယ်။ ဒါပေမဲ့ မင်းတို့လက်ထဲလည်း မထည့်ခဲ့နိုင်ဘူး"
 
 
"ကြယ်ဘုရင်ဖျော်ဖြေရေးကို ကာကွယ်ဖို့ ငါ့ရှယ်ရာတွေကို ဟိုက်ဟွေ့ဖျော်ဖြေရေးကို ရောင်းဖို့ ဆုံးဖြတ်လိုက်တယ် အခုကစပြီး ကြယ်ဘုရင်ဖျော်ဖြေရေးက ဟိုက်ဟွေ့ဖျော်ဖြေရေးနဲ့ တစ်သားတည်း ဖြစ်သွားပြီ"
 
 
မို့ထင် ထိုင်ပင် မထိုင်ရသေး အဖေချွမ်က သူ့ရှေ့နေလက်ထဲမှ စာချုပ်ကို ဆက်ခနဲ့ ဆွဲယူကာ မို့ထင်ကို လှမ်းပေးသည်။
 
"ကြယ်ဘုရင်ဖျော်ဖြေရေးကို အကောင်းဆုံး အနေအထား ရောက်အောင် ပံ့ပိုးပေးနိုင်တာ မင်းတစ်ယောက်တည်း ရှိမှန်း ငါသိပါတယ်။ ဒါကြောင့်  ငါပိုင်ဆိုင်တဲ့ ရှယ်ရာအားလုံးကို အနိမ့်ဆုံး ဈေးကွက်တန်ကြေးနဲ့  မို့ထင်ကို ရောင်းပေးချင်တယ်။ မို့ထင် မင်းရော စိတ်ဝင်စားလား"
 
"ငါ တစ်ခုတည်းပဲ တောင်းဆိုချင်တယ်။ ကြယ်ဘုရင်ဖျော်ဖြေရေးက ဘယ်သူကိုမှ အကြောင်းမဲ့ အလုပ်မထုတ်ပစ်ရဘူး"
 
 
မို့ထင်က စာချုပ်ကို လက်ခံလိုက်ပြီး စာမျက်နှာများကို လှန်လှောဖတ်ရှုသည်။ အဖေချွမ်က သူကိုယ်တိုင် သွေးနှင့်ချွေးနှင့်ရင်းနှီးပြီး တည်ထောင်ခဲ့ရသော ကြယ်ဘုရင်ဖျော်ဖြေရေးကို သူ့လူယုံများ ဖျက်ဆီးပစ်မည့်ကို စောင့်မျှော်နေမည့်အစား သူစိမ်းလက်ထဲ အပ်ခဲ့ရန် ဆုံးဖြတ်ခဲ့သည်ဟု မို့ထင် ရုတ်တရက် ခံစားမိသည်။
 
 
"ဦးလေးရဲ့သားကရော ဘယ်လိုလုပ်မလဲ"
 
 
"အဖေချွမ်၊ သူ့အပေါ် ဘာအမှားမှ မလုပ်ခဲ့ဘူး။ အခုကစပြီး သူလည်း သူ့လမ်းသူ ဆက်လျှောက်တော့"
 
အဖေချွမ်က ခေါင်းခါလိုက်ပြီး မျက်ရည်မကျမိအောင် ထိန်းချုပ်နေသည်။ ကြယ်ဘုရင်ဖျော်ဖြေရေးကို ချွမ်ရဲ့လက်ထဲ အပ်နှံခဲ့လည်း တစ်ချိန်ချိန်မှာ မို့ထင်လက်ထဲ ရောက်နိုင်မှန်း သူ တွက်ချက်မိပါသည်။
 
ကြယ်ဘုရင်ဖျော်ဖြေရေး ယိုယွင်းပျက်စီးမည်ကို ကြိုဆိုနေမည့်အစား  ယခုအချိန်တည်းက မို့ထင်လက်ထဲ အပ်လိုက်ခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မည်။
 
 
"ကျွန်တော်က စီးပွားရေးသမားပါ။ ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံပါ့မလား"
 
မို့ထင် ပြန်ဖြေသည်။
 
"မို့သူဌေး ဒါက နည်းမှန်လမ်းမှန် မဟုတ်သေးဘူးလေ"
 
ကြယ်ဘုရင်ဖျော်ဖြေရေးမှ ရှယ်ရာရှင်များက ချက်ချင်း ဝင်တားကြသည်။
 
"ကျွန်တော်က ကျွန်တော့်ငွေတွေကို လူကြီးမင်းချွမ်လက်ထဲ အပ်ခဲ့တယ်။ လူကြီးမင်းချွမ်ကလည်း သူ့ရှယ်ရာတွေကို ပြန်ပေးတယ်။ ဘယ်ဟာက နည်းလမ်းမကျ ဖြစ်နေလို့လဲ"
 
မို့ထင် ပြန်မေးခွန်းထုတ်သည်။
 
"ဘာလဲ၊ ခင်ဗျားတို့အားလုံးက ကြယ်ဘုရင်ဖျော်ဖြေရေးရဲ့အာဏာကို အပိုင်စီးချင်လို့လား"
 
 
သူတို့အပေးအယူလုပ်ငန်းကို ချွမ်ရဲ့ လာမနှောင့်ယှက်ရန်သာ လူအိုကြီး၏စိတ်ထဲ တိတ်တဆိတ် တောင်းဆုခြွေမိသည်။
 
 
သို့သော်လည်း ချွမ်ရဲ့က သူ့ကိုင်ပိုင်သင်္ဘောလေးဖြင့် ပင်လယ်ထဲ ရွက်လွင့်ကာ ပုန်းကွယ်နေ၍ ပြည်မကို ပြန်လာမည့် ရည်ရွယ်ချက် မရှိပါ။
 
 
"မို့သူဌေး၊အခုအချိန်ကစပြီးတော့ ကြယ်ဘုရင်ဖျော်ဖြေရေးက မင်းလက်ထဲ ရောက်သွားပါပြီ"
 
 
" လူကြီးမင်းချွမ်က အခုဆုံးဖြတ်ချက်အတွက် နောင်တမရဘူးလား"
 
 
အဖေချွမ်က မို့ထင်ကို သူ့ကုမ္ပဏီလက်လွှဲပေးချင်သည့် ဆန္ဒသာ ရှိသည်။ မို့ထင်က သူ့ကုမ္ပဏီကို မော်ဒယ် အေဂျင်စီ ပြောင်းလဲမလား၊ တခြားတစ်ခုခု ပြောင်းလဲသွားမလား သူ အရေးမစိုက်ခဲ့ပါ။ မို့ထင် ဘာကိုပဲ ဆုံးဖြတ်ဆုံးဖြတ် အကောင်းဆုံး ဖြစ်လာလိမ့်မည်ဟု သူ ယုံကြည်ထား၍ စိုးရိမ်စိတ် မရှိချေ။
 
 
"နောင်တ မရပါဘူး။ ငါ့သားလေးအတွက် စိုးရိမ်မိပေမဲ့။ သူ့ကို တစ်ဘဝလုံးစာ မစောင့်ရှောက်ပေးနိုင်ဘူးလေ"
 
 
ထိုစကားသံကိုကြားပြီးနောက် မို့ထင် ဘယ်လိုပြန်ပြောရမလဲ မသိခဲ့ပါ။ သူလည်း လက်ထပ်ထားပြီးသား ဖြစ်၍ အဖေချွမ်၏ခံစားချက်ကို သူ နားလည်သည်။ သူလည်း တစ်ချိန်ချိန်မှာ ဖခင် တစ်ယောက် ဖြစ်လာနိုင်သည်။
 
 
"လူကြီးမင်းချွမ် ကျန်းမာရေးဂရုစိုက်ပါ"
 
 
" ကြယ်ဘုရင်ဖျော်ဖြေရေးကို မင်းလက်ထဲ အပ်ခဲ့ပါမယ်"
 
အဖေချွမ်က တည်ငြိမ်စွာ ပြန်ပြောသည်။
 
ဖျော်ဖြေရေးလောကကို တုန်လှုပ်ချောက်ချားစေသော သတင်းများက တစ်နေ့တည်း ပေါ်ထွက်လာသည်။
 
 
မို့ထင် လူ့မှုကွန်ယက်အကောင့် ဖွင့်ပြီး သူတို့အချစ်ရေးကို ဖွင့်ဟခြင်းနှင့် ဟိုက်ဟွေ့ဖျော်ဖြေရေးက ကြယ်ဘုရင်ဖျော်ဖြေရေးကို ဝယ်ယူလိုက်သည့် သတင်းက ပြန့်နေသည်။
 
 
ကြယ်ဘုရင်ဖျော်ဖြေရေး၏ဝန်ထမ်းများ ကြောက်လန့်နေရသည်။ ထိုစဉ် အဖေချွမ်က ပြန်ကြားချက် ထုတ်ပြန်ရန် သူ့အတွင်းရေးမှူးကို ညွှန်ကြားသည်။ မို့ထင်က ကြယ်ဘုရင်ဖျော်ဖြေရေး၏တည်ဆောက်ပုံကို မပြောင်းလဲရန် နှင့် ဝန်ထမ်းတစ်ယောက်တလေကိုမျှ အလုပ်မထုတ်ရန် သဘောတူပေးခဲ့သည့် ကြေညာချက်ဖြစ်သည်။
 
 
ဤအပြုအမူက ကြယ်ဘုရင်ဖျော်ဖြေရေးကို ဟိုက်ဟွေ့ဖျော်ဖြေရေးက ပိုင်ဆိုင်သွားသည်ဟု ဆိုလိုသနည်း။
 
 
ထိုသတင်းက ချွမ်ရဲ့၏သူငယ်ချင်းများမှ တဆင့် ချွမ်ရဲ့ထံရောက်လာသည်။ သူလည်း သတင်းကြားကြားချင်း ဆေးရုံကို အပြေးတစ်ပိုင်းဖြင့် ရောက်ချလာသည်။ သူရောက်သွားသောအခါ ကြယ်ဘုရင်ဖျော်ဖြေရေး နှင့် ဟိုက်ဟွေ့ဖျော်ဖြေရေးက သူတို့ရှေ့နေများဖြင့် စာချုပ်အပြီးသတ်ခဲ့ပါပြီ။
 
 
ချွမ်ရဲ့၏မျက်ဝန်းများက နီရဲနေပြီး ပြဿနာရှာရန် ကြံရွယ်လာသည်။ သို့သော်လည်း သူ့ကို မို့ထင်၏သက်တော်စောင့်များက တားဆီးခဲ့သည်။
 
 
"မို့ထင်၊ မင်းလက်စားချေချင်ရင်လဲ ငါ့ကိုပဲ တိုက်ရိုက်ပြဿနာရှာစမ်းပါ။ ငါ့အဖေ နဲ့ ကြယ်ဘုရင်ဖျော်ဖြေရေးကို လာမထိနဲ့"
 
 
"နဂိုတည်းမှာ မင်းမှာ ဒီလို တာဝန်ယူချင်စိတ် ရှိရင်လေ ကြယ်ဘုရင်ဖျော်ဖြေရေးက ငါ့လို အပြင်လူရဲ့ ကာကွယ်ပေးမှုကို လိုအပ်မှာတောင် မဟုတ်ဘူး"
 
မို့ထင် ခနဲ့သည်။
"မင်း ကြယ်ဘုရင်ဖျော်ဖြေရေးအတွက် ဘာကောင်းကျိုးမှာ ပြုခဲ့လို့လဲ။ ယွမ်တစ်ယွမ်တောင် ရှာပေးနိုင်ခဲ့လား"
 
ချွမ်ရဲ့ အသက်ရှုသံပြင်းလာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
 
 
"အခုအချိန်ကစပြီးတော့ မင်းက ကြယ်ဘုရင်ဖျော်ဖြေရေးရဲ့ ဆက်ခံသူ မဟုတ်တော့ဘူး"
 
 
ချွမ်ရဲ့က အဖေချွမ်ကို မယုံကြည်နိုင်စွာ ငေးစိုက်ကြည့်နေသည်။
 
 
အဖေချွမ်က လက်မှတ်ထိုးထားပြီးသား စာချုပ်ကို မို့ထင်ကို လွှဲပေးသည်။
 
"အဖေချွမ်က မင်းကိုပဲ အားကိုးရတော့မယ် မို့ထင်"
 
" အဖေက ကြယ်ဘုရင်ဖျော်ဖြေရေးကို ကျွန်တော့်လက်ထဲ လွှဲအပ်ခဲ့မယ်အစား သူစိမ်းကို ရောင်းစားလိုက်တယ်ပေါ့ ဟုတ်လား"
 
 
"ကြယ်ဘုရင်ဖျော်ဖြေရေးက လူအများကြီးကို ထောက်ပံ့ပေးနေရတာ။ မင်းလို လူတန်းစားမျိုးက စားဖို့သောက်ဖို့ ပျော်ပါးလို့လောက်ပဲသိတာ သူတို့ကို မထောက်ပံ့ပေးနိုင်ဘူး"
 
အဖေချွမ်က ခပ်မာမာလေသံဖြင့် စကားပြန်ပြောသည်။
 
"တခြားသူတွေ အပြစ်ပြောသလိုပဲ ဒီအဖေကြီးက မင်းကို ကောင်းကောင်း မသွန်သင်ခဲ့လို့၊ ဒီအဖေကြီးရဲ့ အမှားပဲ။ အခုကစပြီး မင်းဘာသာမင်း စောင့်ရှောက်တော့။ ဒီအဖေကြီးက ကိုယ့်အပြစ်ကိုယ် ခံယူလိုက်တာပါ"
 
 
" ဒါဆို ကျွန်တော် သွားတော့မယ်။ သားအဖ နှစ်ယောက် စကားဆက်ပြောပါ"
 
စာချုပ်ကို လက်ခံယူပြီးနောက် မို့ထင်က လှည့်ထွက်သွားရန် ကျောခိုင်းသည်။ သို့သော်လည်း ချွမ်ရဲ့က သူ့သေနတ်ကို ဆွဲထုတ်လိုက်ပြီး မို့ထင်၏ခါးကို ကျည်ဆံဖြင့် ပစ်လိုက်သည်။
 
အားလုံး လန့်ဖျပ်သွားသည်။
 
 
မို့ထင်က အချိန်မီ ရှောင်တိမ်းလိုက်၍ ကံကောင်းသွားသည်။ သူ့ခါးက အပေါ်ယံသာ ကျည်ဆံ ရှပ်ထိသွားသည်။ သွေးထွက်သွားသော်လည်း မပြင်းထန်ပါ။
 
 
မို့ထင်၏သက်တော်စောင့်များက ချွမ်ရဲ့ကို ချက်ချင်း ဖမ်းချုပ်လိုက်သည်။
 
"ငြိမ်ငြိမ်နေစမ်း"
 
အဖေချွမ် စိတ်လှုပ်ရှားလာ၍ အစာအိမ်ရောဂါ ဝေဒနာက ဖိစီးလာ၍ မူးလဲသွားသည်။ ထိုစဉ် ချွမ်ရဲ့လည်း အော်ဟစ်သောင်းကြမ်းကာ မြေကြီးပေါ် လဲကျသွားသည်။
 
"မင်းကို သတ်ပစ်မယ်"
 
"မင်းကိုယ်မင်း  အထင်ကြီးလွန်းနေပြီ"
 
မို့ထင်က ဒဏ်ရာကို လက်ဖြင့်ကွယ်ပြီး ကြမ်းပြင်ပေါ် ဒူးတစ်ဖက် ထောက်ကာ ချွမ်ရဲ့ကို ကြည့်လိုက်သည်။
"မင်းအဖေ နဲ့ ကြယ်ဘုရင်ဖျော်ဖြေရေး မကာကွယ်ပေးထားရင် မင်း ပေကျင်းမှာ ဘယ်လို အသက်ဆက်ရှင်မလဲ ငါ မြင်ချင်သေးတယ်"
 
ထိုစကားကိုပြောပြီးနောက် မို့ထင် မတ်တတ်ထရပ်သည်။ ထိုစဉ် မို့ထင်က သူ့ခါးကို ဆုပ်ကိုင်ထားသော မြင်ကွင်းကို လုချယ် သတိထားမိ၍ အပြေးတစ်ပိုင်းဖြင့် အနားရောက်လာသည်။
 
"သူဌေး အဆင်ပြေရဲ့လား။ ဒဏ်ရာ ပြင်းထန််လား။ ဆေးရုံတက်ဖို့ လိုအပ်လား"
 
"ထျန်းနင် မသိစေနဲ့"
 
 
လုချယ်က မို့ထင်ကို အားတုံ့အားနာ ကြည့်ကာ ပြန်ဖြေသည်။
 
"သူဌေး ကျွန်တော် တောင်းပန်ပါတယ်။ သူဌေးကတော်ကို ဖုန်းဆက်ထားပြီးပြီ။ သူဌေးကတော် လမ်းတစ်ဝက် ရောက်နေလောက်ပြီ"
 
"ကျွန်တော်အထင် သူဌေး ဒဏ်ရာကို ဆေးထည့် ပတ်တီးစည်းပြီး ဒဏ်ရာသက်သာအောင် နေတာ အကောင်းဆုံးပဲ"
 
 
***
 
အပိုင်း(၂၉၉)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now