အပိုင်း(၅၀၀)

118 15 1
                                    

အပိုင်း(၅၀၀)

မနက် ၁၀နာရီ မို့ထင်က ဆွစ်ဇာလန်မှ ကိုယ်စားလှယ်များကို ဟိုက်ဟွေ့ဖျော်ဖြေရေး အနီးအနား ဟိုတယ်တွင် နေထိုင်ရန် စီစဉ်ပေးသည်။ အမျိုးသား ၃ဦး နှင့် အမျိုးသမီး ၂ဦးက ခရီးစဉ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေပုံပင်။

"ထျန်းအုပ်စုနဲ့ အလုပ်ဆက်မလုပ်ဖို့ ငါတို့တွေ ရှောင်တိမ်းကြမယ်မလား။ စီအီအိုက ပျောက်နေတော့ သူတို့နဲ့ ပူးပေါင်းစရာ အကြောင်း မရှိဘူး။ ငါတို့နဲ့ အလုပ်တွဲလုပ်ချင်လို့ စောင့်နေတဲ့ ကုမ္ပဏီကြီးတွေ အများကြီးပဲ။ ဘာလို့များ သူဌေးက ငါတို့ကို ပေကျင်းသွားဖို့ တိုက်တွန်းသလဲ စဉ်းစားမရဘူး"

ကိုယ်စားလှယ်ထဲမှ တစ်ဦးက ဆိုဖာပေါ်မှာ ထိုင်လျက် နားလည်ရခက်စွာ ပြောဆိုနေသည်။

"နားမလည်တာ မင်းတစ်ယောက်တည်း ထင်နေလား။ ဒီကို လာရတာ ငရဲတွင်း လာရသလိုပဲ လေထုက စိုထိုင်းနေရောပဲ နေရထိုင်ရ အဆင်မပြေနေဘူး"

"ခဏတော့ သည်းခံလိုက်ပါ။ သူတို့နဲ့ တွေ့ဆုံပြီးရင် ပြန်လို့ရမှာပါ"

သူတို့ တစ်ဦးချင်းစီက သယ်ယူလာသော ပစ္စည်းများကို ထုပ်ပိုး သိမ်းဆည်းကာ ဟိုတယ်ဝန်ထမ်း၏ဦးဆောင်မှုဖြင့် ဟိုတယ်၏အစည်းအဝေးခန်းထဲ သွားကြသည်။ သို့သော်လည်း သူတို့ရောက်ရောက်ချင်း ဟိုက်ဟွေ့ဖျော်ဖြေရေး၏စီအီအို သို့တည်းမဟုတ် ထျန်းနင်ကို မြင်တွေ့ရခြင်း မရှိပေ။

"ဒါက ဘာသဘောလဲ။ ထျန်းအုပ်စုက ကိုယ်စားလှယ်က ငါတို့ကို လာနှုတ်ဆက်တာ မဟုတ်ဘူးလား"

"ဧည့်သည်က အရင်ရောက်နေတဲ့ အဖြစ်မျိုး မကြုံဖူးပါဘူး။ ဒါက အာရှရဲ့လူမှု့ကျင့်ဝတ်များလား"

သူတို့က ပေကျင်း အပို့ခံရ၍ စိတ်အနှောင့်အယှက် ဖြစ်နေသည်။ ထျန်းအုပ်စုမှ မည်သူကမှ သူတို့ကို ခရီးဦးကြို မပြု၍ မျက်နှာက ရှုံ့မဲ့နေကြသည်။

သို့သော်လည်း ၅မိနစ်ကြာပြီးနောက် အစည်းအဝေး အခန်းတံခါး တွန်းဖွင့်လာသည်။ ထျန်းနင်က အမည်းရောင် ကုတ်အင်္ကျီ နှင့် ဖိနပ်ပါးကို ဝတ်ဆင်ကာ အခန်းထဲ လမ်းလျှောက်ဝင်လာသည်။ သူမက အခန်းထဲ ဝင်ဝင်ချင်း ကိုယ်စားလှယ်များကို အီတလီဘာသာစကား ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုကာ နှုတ်ဆက်သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now