အပိုင်း(၄၅၈)

103 13 0
                                    

အပိုင်း(၄၅၈)

ထျန်းနင် ရုပ်ရှင်ရိုက်ကွင်း ပြန်လာသော သတင်းကို ကြားပြီးနောက် ဝေအန်က ထျန်းနင် ထက်ပို၍ပင် ဗျာများ နေရသည်။ ထို့ကြောင့် သူမ၏ ဇာတ်ဝင်ခန်း မစတင်ခင် သူက စိုးရိမ်တကြီး မေးမြန်းသည်။

"ဒီဇာတ်ဝင်ခန်းက မင်းအတွက် အဆင်ပြေပါ့မလား။ လူအစားထိုး ရိုက်ကူးပေးရမလား။ အားလုံးကို ဂရုတစိုက် သရုပ်ဆောင်ပေးဖို့ သတိပေးထားသင့်လား"

"ဒါရိုက်တာဝေ..."
ထျန်းနင်၏အသံတွင် ကူကယ်ရာမဲ့သော ခံစားချက်များ ရောယှက်နေသည်။

"ကောင်းပါပြီ။ ကျွန်တော် နားလည်ပြီ။ စိုးရိမ်နေတာတွေ ရပ်လိုက်မယ်"
ဝေအန်က စိတ်ကသိကအောင့်ဖြစ်စွာ သူ့ထိုင်ခုံစီ ပြန်သွားသည်။ မို့ထင် စိတ်ခုသွားမည်ကို သူ ကြောက်လန့် နေမိသည်။ သို့သော်လည်း ထျန်းနင်က ဇာတ်ကောင်စရိုက်ကို ဈာန်ဝင်စား လိုက်သည်နှင့် သူမက ကိုယ်ဝန်ဆောင်မိခင် ဆိုသည့် အမှန်တရားကို သူ ကိုယ်တိုင်ပင် မေ့လျော့သွားသည်။
"ရပ်မယ်။ အနားယူမယ်။ နောက်ထပ် ဇာတ်ဝင်ခန်းအတွက် ပြင်ဆင်ကြမယ်"

မို့ထင်က ထျန်းနင်၏အနား ချက်ချင်း ချဉ်းကပ်လာပြီး မေးမြန်းသည်။
"အဆင်ပြေသေးရဲ့လား"

ထျန်းနင်က သူမ၏ဝမ်းဗိုက်ကို ငုံ့ကြည့်ပြီး ပြန်ဖြေသည်။
"ဖေဖေက မေမေတို့ကို စောင့်ရှောက် ပေးနေတော့ အဆင်မပြေဘဲ နေပါ့မလား။ ချစ်လေး အဆင်ပြေပါတယ်။ မစိုးရိမ်ပါနဲ့"

"ဘိုးဘိုးနဲ့ ညစာ အတူတူစားဖို့ အားလပ်ချိန် ဖယ်ထားကြမယ်"
မို့ထင်က ထျန်းနင်၏ခါးကို ဖက်ထားလိုက်ပြီး သူမကို သူ့ရတနာ တစ်ပါးကဲ့သို့ ပြုမူ ဆက်ဆံသည်။

"ယောက်ျားက ဘိုးဘိုးကို ပြောပြဖို့ အဆင်သင့် ဖြစ်ပြီလား"

"ဘိုးဘိုးက လူကြီးလူကောင်း အကြီးအကဲ ပီသအောင် နေခဲ့တာပဲလေ"
မို့ထင်က ချိုသာစွာ ပြောသည်။

မို့အကြီးအကဲက ထျန်းနင်ကို ထိခိုက်စေသော စကားတစ်ခွန်းမျှ မပြောခဲ့ဖူးပေ။

ထျန်းနင်က စကားတစ်ခွန်းမျှ မပြောဘဲ ခိုးခိုးခစ်ခစ် ရယ်မောနေသည်။ သူမက သူ့ဗိုက်လေးကိုသာ ဆက်လက် အာရုံစိုက်ထားသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now