အပိုင်း(၄၈၈)

102 12 0
                                    

အပိုင်း(၄၈၈)

ရက်ပိုင်းခန့်ကြာပြီးနောက် ဖျော်ဖြေရေးလောက ပြန်တည်ငြိမ်သွားခဲ့သည်။ ထျန်းနင်က အားလုံး၏အမြင်အာရုံမှ ထွက်သွားသောကြောင့် သူမကို သိက္ခာချခဲ့သူများ စိတ်သက်သာရာ ရနေသည်။ အရာအားလုံး ပြီးဆုံးသွားလိမ့်မည်ဟု တွေးထင် ထားကြသည်။

သို့သော်လည်း ဟိုက်ဟွေ့ဖျော်ဖြေရေးက သူတို့ အဆုံးအစွန်းအထိ လက်စားချေလိမ့်မည်ဟု မထင်ခဲ့မိချေ။

သီချင်းဆို ရှိုးလ်ပွဲတွင် အောင်မြင်ချေ အလားအလာ ရှိသော အဆိုတော်ကို ပယ်ထုတ်ခြင်းဖြင့် ရက်စက်ခဲ့သည်။

"အို့စ် ဟိုက်ဟွေ့ဖျော်ဖြေရေး လက်ချက်လား။ ထိထိရောက်ရောက်နဲ့ သိုသိုဝှက်ဝှက် ရိုက်ချလိုက်တာပဲ"

"အရမ်းကို ကျေနပ်ဖို့ကောင်းတယ်။ ထျန်းနင်ကို အများဆုံး သိက္ခာချခဲ့တဲ့ အမျိုးသမီး အဆိုတော်က သူ့ကို မစွန့်ပစ်ဖို့ သူ့မန်နေဂျာကို ဒူးထောက် တောင်းပန်နေသတဲ့"

"မို့သူဌေးက ဒီပြဿနာကို အလွယ်တကူ မေ့ပစ်မယ်သူ မဟုတ်မှန်း သိပါတယ်။ ရန်သူ တစ်ယောက်ချင်းစီကို လှလှပပ လက်စားချေဦးမှာလေ"

"အရမ်းမိုက်တယ်"

"ငါတို့ထျန်းနင်ကို သူတို့ထဲက တစ်ယောက်က တရားဝင် တောင်းပန်တယ်တဲ့။ ငါတို့ထျန်းနင်ကလေ အကျိုးအကြောင်း မစဉ်းစားတတ်တဲ့သူတွေကို မုန်းတတ်တာ မသိတာလား။ ဒီလိုလုပ်ရင် ဒုက္ခရောက်မှာကို သူတို့ မသိတာလား။ သူတို့က ကိုယ့်သေတွင်း ကိုယ်တူးချင်တော့လည်း အကျိုးဆက်ကို လက်ခံလိုက်ပေါ့"

ပရိသတ်များက လူပြောများနေသော စကားဝိုင်းတွင် အားကြိုးမာန်တက် ပါဝင်ဆွေးနွေးနေကြသည်။ ငယ်ရွယ်သော ပရိသတ်များက မို့ထင်၏အရည်အချင်းကို ကြွားဝါးနေသော်လည်း ရင့်ကျက်သော ပရိသတ်များက သူတို့ကို မကြွားဝါးရန် ဖျောင်းဖျသည်။

"ငါတို့ ထင် နဲ့ ထျန်းနင်က ဝမ်းတွင်းမည်းလေးတွေလေ။ သူတို့ကို ကြည့်ပြီး ငါတို့ သင်ယူသင့်တယ်။ ပြဿနာကို ရှောင်တိမ်းဖို့ အရိပ်ပုံစံနဲ့ နေရမယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now