အပိုင်း(၄၄၆)

71 8 0
                                    

အပိုင်း(၄၄၆)

Taka အမည်ရှိသော နိုင်ငံတကာ တန်းဝင် သရုပ်ဆောင်မင်းသား။သူက အမေကန်နိုင်ငံသား ဖြစ်သော်လည်း သူ့ရုပ်ရည်သွင်ပြင်က ဗြိတိန်မင်းသား ကဲ့သို့ ခံ့ညားချောမောပြီး တော်ဝင်သည်။

သူ ကျော်ကြားရသည့် တစ်ခုတည်းသော အကြောင်းအရင်းက ‌ဤရုပ်ရည်ကြောင့် ဖြစ်သည်။ သို့သော်လည်း  လူငယ်ပရိသတ်များက သူ့ကို ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်သော ရုပ်ရှင်မင်းသားအဖြစ် သတ်မှတ်ထားသည်။ မတူညီသော ဇာတ်ရုပ်များကို သရုပ်ဆောင်ရသောအခါ လွယ်လင့်တကူ သရုပ်ဆောင်နိုင်သည်။

ဝေအန်က သူ့ကို ကမ်းလှမ်းရန် အတော်ကလေး ကြိုးစားအားထုတ် ခဲ့ရသည်။ တကယ်တမ်း နောက်ကွယ်မှ မို့ထင်၏ ကူညီပံ့ပိုးမှုများကြောင့် ဖြစ်သည်။

ထျန်းနင် စိတ်ချမ်းသာရန် မို့ထင်က အကောင်းဆုံးများကိုသာ ကူညီ ပံ့ပိုးပေးခဲ့သည်။

ပိုင်ချိုးရှန့်ကိစ္စကြောင့် ဖျော်ဖြေရေးလောကတွင် ထျန်းနင်၏ ဂုဏ်သတင်းက မျှော်လင့်မထားလောက်အောင် တိုးတက်ခဲ့သည်။ ခက်ခဲကြမ်းတမ်းသော အခြေအနေများကို မော်မော်ကြွားကြွား ရင်ဆိုင်ရဲသူ အများကြီး မရှိကြပေ။

ထျန်းနင်က ရဲဌာနမှ စစ်ဆေး မေးမြန်းခြင်းကို ခံရသည်အထိ ဆိုးဆိုးရွားရွား ချောက်ချခံရသည်။ သို့သော်လည်း အမှန်တရား ပေါ်ပေါ်လာပြီးနောက် ထျန်းနင်က အများရှေ့မှာ မကျေနပ်သည့် ခံစားချက်ကို မထုတ်ဖော်ခဲ့ပေ။

တကယ်တမ်း ပိုင်ချိုးရှန့်၏ သတင်းစာ ရှင်းလင်းပွဲ ပြီးဆုံးပြီနောက် ရုပ်ရှင်ရိုက်ကူးရန်  ပြင်ဆင်နေ၍ ပရိသတ်များကြား ပျောက်ကွယ်သွားသည်။

"အခုကစပြီးတော့ ထျန်းနင်ရဲ့ ရုပ်ရှင်ပဲ မျှော်တော့မယ်။ သူနဲ့ ဆက်စပ်တဲ့ ဘာမဆို အားပေးမယ်"

"ငါတော့ ထျန်းနင်ကို ယုံကြည်တယ်။ သူ့စိတ်ခံစားချက်က ရိုးသားတော့ အခုပြဿနာကို ဖြေရှင်းသွားပုံပဲ ကြည့်လေ။ ချီးကျူးစရာကောင်းတယ်"

"အခုကစပြီး ဘယ်သူက ထျန်းနင်ရဲ့ တက်လမ်းကို လာပိတ်ရဲလဲ ကြည့်ရသေးတာပေါ့။ ထျန်းနင်ရဲ့ တခြားသူကို အရင်မတိုက်ခိုက်တတ်တဲ့ သဘောထားကို ငါတော့ သဘောကျမိတယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Donde viven las historias. Descúbrelo ahora