အပိုင်း(၄၉၃)

84 19 0
                                    

အပိုင်း(၄၉၃)

ယခုလို ထိပ်တိုက်ရင်ဆိုင်သည့် မြင်ကွင်းမျိုးကို မည်သူမှ မမျှော်လင့်ခဲ့ပေ။ ထျန်းကျင်းရွှမ်ကို ကာကွယ်ရန် စုန့်ယန်ရှုက အရှေ့ထွက်ပြီး သူ့ မိသားစု နောက်ခံကို ရဲရဲတင်းတင်း ထုတ်ပြောခဲ့သည်။

စုန့်ယန်ရှု ကိုယ်တိုင်က အရှုပ်အရှင်းထဲ ဝင်ရောက်လာ၍ ရှားကျင်းရီ ကြောက်စိတ်မွှန်ထူ လာခဲ့သည်။ အခြေအနေက သူမ၏ထိန်းချုပ်မှုကို ကျော်လွန်နေခဲ့သည်။

စုန့်ယန်ရှုက ရှားကျင်းရီ၏အဖြေကို စိတ်ရှည်ရှည် စောင့်ဆိုင်းနေသည်။

"ပြောလေ"

"ပြောလိုက်စမ်းပါ"

သတင်းထောက်တချို့က စိတ်မရှည်ဟန် အတင်း တိုက်တွန်းလာခဲ့သည်။သို့သော်လည်း ရှားကျင်းရီက အထစ်ထစ်ဖြင့် တုံ့ပြန်သည်။

"ငါ ငါ..."

"လောရှင်းက နင့်ကို တစ်ဖက်သတ်ခံစားချက် ရှိခဲ့တယ်လို့ နင့်ဘက်က ပြောရဲသေးတယ်နော်။ နင့်မှာ အသိဉာဏ်ရော ရှိသေးရဲ့လား"

စုန့်ယန်ရှု၏ဖိအားပေးမှုကြောင့် ရှားကျင်းရီ ဒယိမ်းဒယိုင် ဖြစ်လာသည့် မြင်ကွင်းကို လူတိုင်း မြင်တွေ့နေရသည်။

ရှားကျင်းရီက လွတ်လမ်းမရှိကြောင်း တွေးလိုက်မိစဉ် ခန်းမဆောင် တံခါးပေါက်နားမှာ အမျိုးသားတစ်ယောက် ပေါ်လာခဲ့သည်။

"ငါ သူ့ကို ယုံကြည်တယ်"

မီဒီယာသမားများ လှည့်ကြည့်လိုက်စဉ် ရွမ်ရှီဝမ်က သက်တော်စောင့်များနှင့် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။

ရှားကျင်းရီ အံ့ဩသွားသော်လည်း သူမက ချက်ချင်း စင်အောက် ဆင်းသွားပြီး သက်တော်စောင့်များကို သတိပေးသည်။
"သူ့ကို လွှတ်လိုက်"

ထို့နောက် သူမက ရွမ်ရှီဝမ်၏ရင်ခွင်ထဲ ပြေးဝင်ကာ ရှိုက်ငိုသည်။
"ငါ နင့်ကို မဖောက်ပြန်ခဲ့ပါဘူး။ လောရှင်းနဲ့ ဘာဆက်ဆံရေးမှ မရှိပါဘူး"

"ကိုယ် သိပါတယ်"
ရွမ်ရှီဝမ်က နှစ်သိမ်ဟန် ပခုံးပုတ်လိုက်သည်။
"မင်း မမှားမှန်း ကိုယ်သိပါတယ်"
ထို့နောက် ရွမ်ရှီဝမ်က မီဒီယာကို မျက်နှာချင်း ဆိုင်လိုက်ပြီး လက်တစ်ဖက်က ရှားကျင်းရီကို ဖက်ထားသည်။
"မင်းတို့တွေက လောရှင်းရဲ့ ဂုဏ်သိက္ခာကို အဖက်ဆယ်ချင်နေရင် ငါ့သတိုးသမီးကို အသုံးချဖို့ မကြိုးစားပါနဲ့။ မင်းတို့ ပြဿနာ ရှာချင်ရင် ငါနဲ့ပဲ ထိပ်တိုက် တွေ့လိုက်စမ်းပါ"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now