Ep 313+314+315

104 9 0
                                    

အပိုင်း (၃၁၃)

 
ရက်အနည်းငယ် ကြာပြီးနောက် ယွဲ့ရှမ်ရှမ်က သူပါဝင်သည့် ဇာတ်ဝင်ခန်းများကို စတင်ရိုက်ကူးသည်။ ထျန်းနင်၏ကောလဟာလ သတင်းက ပျောက်ကွယ်သွားမည့်အစား ယွဲ့fan များ မို့ထျန်းfan၏လူမှု့ကွန်ယက်ပေ့မှာ တိုက်ခိုက်လာအောင် လှုံ့ဆော်ခံရသည်။
 
 
သူတို့အားလုံးက မို့ထင်ကို လမ်းမှား မလျှောက်ရန် နှင့် ထျန်းနင်ကြောင့် ရုပ်ရှင်ဇာတ်ကားကို မပျက်စီးစေရန် သတိပေးစာ commentsများ ချန်ထားခဲ့သည်။
 
 
သို့သော်လည်း မို့ထျန်းPageမှာ သူတို့စုံတွဲကို အားပေးသော ပရိသတ်များ ဆုံဆည်းနေ၍ ယင်းcommentကို မြင်သည်နှင့် မို့ထျန်း ပရိသတ်များ ဒေါသမထိန်းနိုင်ချေ။
 
 
သူတို့အားလုံးက ယွဲ့ရှမ်ရှမ်ကို ချက်ချင်း ပြစ်တင်ပုတ်ခတ်ကြသည်။ ယွဲ့ရှမ်ရှမ်က အရပ်ပုနေ၍ ဇာတ်ကောင် စရိုက်ဖြင့် မလိုက်ဖက်နိုင်ကြောင်း ဝေဖန်ကြသည်။
 
 
ပရိသတ်အချင်းချင်း ဝေဖန်တိုက်ခိုက်သည့် ပွဲက အခြေအနေ ပိုပိုဆိုးရွားလာသည်။
 
 
ထိုပွဲစဉ်အတွင်း ထျန်းနင်က သူမ၏သဘောထား အမြင်ကို အများသိအောင် ထုတ်ပြခဲ့ခြင်း မရှိပေ။ သူမက ရုပ်ရှင်ဇာတ်ကား၏အမျိုးသမီး ဇာတ်ဆောင်နေရာကို လုယူချင်ခဲ့သည့် အကြံအစည် ရှိခဲ့ပါသည်ဟု တစ်ခါလေးမျှ ထုတ်မပြောခဲ့ဖူးပေ။
 
 
ဟိုက်ဟွေ့ဖျော်ဖြေရေးက ယခုပြဿနာကို ဖြေရှင်းပေးရန် ကြိုးစားသော်လည်း ပရိသတ်များ၏ဒေါသက အထွတ်အထိပ်ကို ရောက်နှင့်နေပြီး ရှာဖွေမှု ထိပ်တန်းမှ ဖယ်ရှားပစ်ရန် မလွယ်ကူချေ။
 
 
"ငါတို့နောက်ကွယ်မှာ ထျန်းနင်က လူအများစုရဲ့ဒေါသကို မီးလောင်ရာ လေပင့် လုပ်နေတာပဲ ဖြစ်မယ် ဟုတ်တယ်မလား"
 
လုံကျဲက အွန်လိုင်းပေါ်မှ အပြန်အလှန် ဆွေးနွေးစာများကို ဖတ်ရှုပြီး ယခုအဖြစ်အပျက် ပုံမှန် မဟုတ်ကြောင်း ခံစားမိသည်။
 
"ဒီလူတွေရဲ့ အမြင်မှာ သရုပ်ဆောင်မင်းသမီး နဲ့ မော်ဒယ်က အတော်ကြီး ကွာခြားနေသလား"
 
 
"သူတို့က ဘာကို ပြောချင်နေတာလဲ။ ဘာပဲဖြစ်ဖြစ် ယွဲ့ရှမ်ရှမ်လည်း သရုပ်ဆောင်ရင်း အသက်မွေးနေတာပါ။ သူ့ကိုလည်း မော်ဒယ်ရှိုးလ် စမ်းလျှောက်ခိုင်းကြည့်ပါလား"
 
 
"ဒီမဟုတ်မမှန်သတင်းတွေကို ဖတ်တာ နင်လည်း ရပ်သင့်ပြီနော်"
 
ထျန်းနင် ပြန်ဖြေသည်။
 
လုံကျဲ စကားပြောရန် ဟန်ပြင်လိုက်ပါသော်လည်း နောက်ဆုံး သက်ပြင်းသာ ချလိုက်သည်။ မည်သည့် အခြေအနေကို ရောက်ရောက် ထျန်းနင်က ဟန်မပျက် နေနိုင်သည်။
 
 
သို့သော်လည်း လုံကျဲကဖြင့် မတည်ငြိမ်နိုင်ခဲ့ချေ။ သူမ လျစ်လျူရှုထား သင့်မှန်း သိပါသော်လည်း ဒေါသစိတ်ကြောင့် သွေးအန်ချင်လာသည်။
 
"သူဌေးက ဒီပြဿနာကို ဘယ်လိုဖြေရှင်းပေးမလဲ"
 
ထျန်းနင်က စကားတစ်ခွန်းမျှ မပြောဘဲ ခေါင်းငုံ့ထားသည်။
 
 
ထိုစဉ် လုံကျဲ၏မျက်ဝန်းများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။
 
"သူဌေးက နင့်ကို တကယ် ရုပ်ရှင်ရိုက်စေချင်တာလား"
 
"ဒါဆိုရင် ဒါက..."
 
 
"သူက ဒီအကြောင်း ဘာမှ မပြောရသေးပါဘူး"
 
ထျန်းနင်က ချက်ချင်း စကားဖြတ်လိုက်သည်။
"ရုပ်ရှင်နာမည်ကျော်ကြားအောင် မို့ထင်က ငါ့ကို အသုံးချမယ်သူ မဟုတ်ဘူး။ ဒီကိစ္စကို ယွဲ့ရှမ်ရှမ် စတင်ခဲ့သလို တခြားအကြောင်းအရင်းတွေလည်း ရှိနေနိုင်သေးတယ်လို့ ခံစားမိတယ်။ ဒီလိုမှ မဟုတ်ရင် မို့ထင် ဖြေရှင်းပြီးတာ ကြာပေါ့"
 
"ပြဿနာက ရှုပ်ထွေးလောက်တယ်။ အရာအားလုံးက သူဌေးရဲ့ထိန်းချုပ်မှုအောက်မှာ ရှိတယ်ဆိုရင်တော့ ငါ ဒီအကြောင်းကို ဆက်မပြောတော့ပါဘူး"
 
 
ထျန်းနင် ခေါင်းညိတ်သည်။ အစောတည်းက လုံကျဲ ထိုစကားမျိုးကိုသာ ပြောခဲ့သင့်သည်။
 
 
"ဒါဆိုရင် ငါ့ကိုဖြေပေး။ အကယ်၍ ဒီရုပ်ရှင်ဇာတ်လမ်းအတွက် နင့်ကို အကူအညီတောင်းရင် နင် ဘာဆက်လုပ်မလဲ"
 
 
ထျန်းနင်က တိတ်ဆိတ်ခြင်းဖြင့် တုံ့ပြန်ရန် ဆုံးဖြတ်ထားသည်။ ယွဲ့ရှမ်ရှမ် ပြဿနာရှာခြင်း ရပ်တန့်ရန်သာ ထျန်းနင် မျှော်လင့်မိသည်။ အကယ်၍ မို့ထင်က သူမ၏အကူအညီကို လိုအပ်ခဲ့လျှင် သူ့အတွက် သူမ ဘာမဆို လုပ်ဆောင်ပေးနိုင်သည်။
 
 
လုံကျဲက ထျန်းနင်၏တိတ်ဆိတ်မှုကို နှုတ်ဆိတ်ကာ ငေးစိုက်ကြည့်နေသည်။
 
"နင် ဘာကိုပဲ ရွေးချယ် ရွေးချယ် ငါက နင့်ကို အမြဲထောက်ခံနေမှာပါ။ ဒီဉာဏ်တိမ်တဲ့ ပရိသတ်တွေကို ငါ ဘယ်လို ရင်ဆိုင်မလဲ စောင့်ကြည့်လိုက်တော့"
 
...
 
 
"သူဌေး။ ပရိသတ်တွေက အခုအထိ အုတ်အုတ်သဲသဲ ဖြစ်နေတုန်းပဲ"
 
လုချယ်က သူ စုဆောင်းထားသော အချက်အလက်များကို တင်ပြသည်။
"အရမ်းကို တက်ကြွနေတဲ့ ပရိသတ်တွေရဲ့ နောက်ကြောင်းကို စုံစမ်းထားတယ်။  commentsတွေ အားလုံးက လူတစ်ယောက်တည်း ရေးထားသလိုပဲ။ တစ်စုံတစ်ယောက်က တမင်တကာ ပြဿနာရှာနေသလိုပဲ"
 
" ဒါပေမဲ့ ကျွန်တော့်စိတ်ထဲ နားမလည်နိုင်တဲ့ အတွေးတွေ ရှိတယ်။ ဘာလို့သူဌေးကိုယ်တိုင် ပြဿနာ ထွက်မရှင်းတာလဲ"
 
လုချယ် ဒွိဟဖြစ်နေမိသည်။ နည်းမှန်လမ်းမှန် တွေးကြည့်လိုက်လျှင် မို့ထင်အတွက် စကားတစ်ခွန်း နှစ်ခွန်း ထွက်ပြောခြင်းက ခက်ခဲမည်နည်း။
 
"ယွဲ့ရှမ်ရှမ်ကို ဇာတ်ဆောင်မင်းသမီး ရွေးပြီးပြီလေ။ သူ့ကျော်ကြားမှု အရှိန်အဝါအရတော့ ထျန်းနင်ကို အသုံးချပြီး ကျော်ကြားအောင် ဖန်တီးဖို့ မလိုအပ်ပါဘူး။ ပြီးတော့ ဟိုက်ဟွေ့ဖျော်ဖြေရေးက ဒီရုပ်ရှင်အတွက် ပရိုမိုရှင်း သေချာစီစဉ်ထားပြီးသားပါ။ ယွဲ့ရှမ်ရှမ်အနေနဲ့ ကိုယ့်ဒုက္ခကိုယ် ရှာဖို့ မလိုအပ်ဘူးလေ။ ဒါကြောင့်..."
 
 
"ငါ နားလည်တယ်။ အားလုံးရဲ့နောက်ကွယ်မှာ တစ်စုံတစ်ယောက် ရှိနေနိုင်တယ်"
 
 
"ထျန်းနင်ကို ကျရှုံးအောင် အပြင်းအထန် ကြိုးစားတဲ့သူတွေ ဘယ်လို အဆုံးသတ်ခဲ့ရလဲ မှတ်မိသေးလား။ သူတို့တွေက ဘယ်သူကို ရန်စဖို့ ကြိုးစားနေသလဲရော သိလား"
 
 
လုချယ် စက္ကန့်ပိုင်းမျှ တွေဝေသွားပြီး မို့ထင်ကို လက်ညိုးထိုးပြသည်။
 
"သူဌေး"
 
"ဒါပေမဲ့ သူဌေးက ပြဿနာ ထွက်ရှင်းပေးလိုက်ရင် အားလုံး ပြီးဆုံးသွားလိမ့်မယ်"
 
လုချယ်က သူသိချင်နေသည့် မေးခွန်းကိုသာ ဆက်မေးနေသည်။ သို့သော်လည်း မို့ထင်က ယခုထိတိုင် အဖြေမပေးသေးပေ။
 
"သူဌေးက မဒမ်ကို ရုပ်ရှင်မှာ ပါဝင်စေချင်လို့လား"
 
 
"သူသာ ရုပ်ရှင်မှာ မပါချင်ဘူးလို့သာ ပြောခဲ့ရင်တော့ အခုပြဿနာကို အခုချက်ချင်း ထွက်ရှင်းပေးမှာပါ။ ဒါပေမဲ့ အခုတော့ သူ့အတွက် လမ်းဆက်ခင်း ပေးထားရမယ်။ အခုပြဿနာလေးကို သရုပ်ဆောင်လမ်းကြောင်းမှာ ကြုံရမယ် အခက်အခဲလေးပါပဲ"
 
 
"ဒါနဲ့ မဒမ်ရော တကယ် သရုပ်ဆောင်ချင်ရဲ့လား"
 
 
"သူ သရုပ်ဆောင်ချင်ပါတယ်"
 
မို့ထင်က တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေသည်။
"ဒီဇာတ်ရုပ်အတွက် သူကသာ အသင့်လျော်ဆုံး ဆိုတာ သူ ကိုယ်တိုင်လည်း သိတယ်။ အခုရိုက်ကူးမယ် ဇာတ်လမ်းက ငါ့အတွက် ဘယ်လောက်အထိ အရေးပါလဲ သူ အသိဆုံးပဲ"
 
"ငါ့ကို မျှော်လင့်ချက်ပေးတတ်တဲ့လူတွေကို ငါ အမုန်းဆုံးပဲ"
 
 
"သူတို့တွေ ငါ့ကို စိန်ခေါ်ချင်ရင်တော့ အကျိုးဆက်က ဘယ်လောက်အထိ တန်ကြေးမြင့်လည်း ဆိုတာ သူတို့တွေ သိသင့်တယ်"
 
 
လုချယ်က ဤစကားကို သံသယ မဝင်ခဲ့ပေ။
 
 
...
 
 
ထျန်းနင်က မို့ထင် စီစဉ်ပေးသော အလုပ်အချိန်ဇယားများကို ကြည့်ရှုနေသည်။
 
 
ယခုဖြစ်ပျက်နေသော အခြေအနေကို တွေးတောလျက် ထျန်းနင် အိပ်မပျော်နိုင်ခဲ့ပေ။ မို့ထင် နိုးသွားမည်ကို စိုးရိမ်မိ၍ ခြေဖျားထောက်ကာ ဥယျာဉ်ဘက် လမ်းလျှောက်ထွက်ရန် ဟန်ပြင်သည်။
 
 
မို့ထင်က သတိကြီးသူ ဖြစ်၍ ချက်ချင်း လန့်နိုးလာသည်။
 
 
"မနက် ၃နာရီ ရောက်နေပြီလေ။ ဘာလို့ အစောကြီး အိပ်ရာထတာလဲ"
 
 
ထျန်းနင်က လှည့်ကြည့်ကာ ခေါင်းခါပြသည်။
 
"အိပ်မပျော်လို့ပါ"
 
"ကိုယ်က ချစ်လေးကို ဖိအား အရမ်းပေးမိလို့လား"
 
မို့ထင်က ထျန်းနင်ကို နောက်မှသိုင်းဖက်ကာ မေးမြန်းသည်။
 
"ယွဲ့ရှမ်ရှမ်ကို နောက်ကွယ်က ထိန်းချုပ်နေတဲ့သူက သူ့လုပ်ရပ်ကို ရပ်တန်းက ရပ်လိုက်ရင်တော့ တို့တွေ ဘာမှ ဆုံးဖြတ်ချက် ချစရာ မလိုတော့ဘူး။ဘာမှပြောင်းလဲစရာ မလိုဘူး"
 
 
"သူတို့ မရပ်တန့်ရင်ရော ဘာဖြစ်သွားမလဲ"
 
မို့ထင်၏မျက်ဝန်းများက ရုတ်ခြည်း မှောင်မိုက်သွားသည်။
 
ထျန်းနင်က လှည့်လိုက်ပြီး မို့ထင်၏ခါးကို ဖက်ထားလိုက်သည်။
 
"ဒါဆိုရင်တော့ ချစ်လေးက သူတို့ကို အားနာပါတယ်ပဲ ပြောရမှာပေါ့။ သူတို့တွေ ချစ်လေးကို အနိုင်ကျင့်လို့ ရတယ်။ ဒါပေမဲ့ ယောက်ျားကိုတော့ အနိုင်ကျင့်လို့ မရဘူး"
 
"ယောက်ျားရဲ့ဇာတ်လမ်းမှာ ချစ်လေး သရုပ်ဆောင်မယ်။ ဒါက ဘယ်လိုပဲ ခက်ခဲ ခက်ခဲ ယောက်ျား ဘေးကင်းဖို့အတွက် ချစ်လေး အကောင်းဆုံး ကြိုးစားသွားမယ်"
 
 
မို့ထင် ချိုသာစွာ ပြုံးလိုက်ပြီး ထျန်းနင်ကို တင်းကျပ်နေအောင် ဖက်သည်။
 
"ဟုတ်ပါပြီ ကိုယ့်အချစ်လေးရယ်"
 
သူတို့ဇနီးမောင်နှံ ညှိနှိုင်းဆွေးနွေးပြီးနောက် အိပ်ခန်းထဲ ပြန်လာခဲ့သည်။
 
 
နောက်တစ်နေ့မှာ မို့ထင်က ရုပ်ရှင်ရိုက်ကွင်းသို့ အလည်အပတ် သွားခဲ့သည်။ ယွဲ့ရှမ်ရှမ်က ခဏအနားယူနေစဉ် သူက ယွဲ့ရှမ်ရှမ်ကို နားနေခန်း ခေါ်တွေ့သည်။
 
 
သူတို့က အတန်းဖော် ဖြစ်ခဲ့ဖူးသော်လည်း ယွဲ့ရှမ်ရှမ်က မို့ထင်၏မျက်ဝန်းကို တည့်တည့် မကြည့်ရှုရဲပေ။ သူ့အကြည့်က အမြင်စူးရှလွန်းပြီး လူတစ်ယောက်၏နှလုံးသားကို ထိုးဖောက် မြင်နိုင်စွမ်း ရှိသည်။
 
***
အပိုင်း (၃၁၄)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now