အပိုင်း(၅၂၉)

47 5 0
                                    

အပိုင်း(၅၂၉)

[လောရှင်းက အနုပညာလောကမှ နုတ်ထွက်မည့် သတင်း ကြေညာခြင်း]

"စုန့်ယန်ရှု၊ ဒီကနေ့ သတင်း ဖတ်ပြီးပြီလား။ တကယ့် သတင်းထူးကြီးနော်။ နင်အရင်က ကြီးကြပ်ခဲ့တဲ့ အဆိုတော်လောရှင်းက အနုပညာအလုပ်တွေကို အပြီးတိုင် ရပ်နားလိုက်ပြီတဲ့"
စုန့်ယန်ရှူ၏အနုပညာရှင်က သူ့လက်ထဲမှ ဖုန်းကို လှမ်းပေးကာ လှောင်ရယ်နေသည်။

"ဒီကနေ့ သူ့ရဲ့ဂီတပွဲကို ပရိသတ် တစ်ယောက်တောင် မတက်ဘူးတဲ့။ သူ့လောက် သနားစရာကောင်းတဲ့သူကို တွေ့ကို မတွေ့ဖူးဘူး"

ဤသတင်းကို ကြားပြီးနောက် စုန့်ယန်ရှုက သူ့လက်ထဲမှ မဂ္ဂဇင်းကို အောက်ချထားလိုက်ပြီး တုန်တုန်ရီရီဖြင့် ဖုန်းကို လက်ခံလိုက်သည်။

"မဖြစ်နိုင်ပါဘူး"

"မင်းက ဘာကို ပြောချင်တာလဲ။ သတင်းတိုင်းက ဒါပဲ ထပ်တလဲလဲ တင်နေတာလေ။ ငါက အရင်တည်းက သူ့သီချင်းတွေ ကြိုက်ပါတယ်။ ဒါပေမဲ့ ကြည့်ရတာတော့ လောရှင်းက တော်တော်ကံဆိုးနေပုံပဲ"

ထိုစဉ် စုန့်ယန်ရှုက သူ့စကားသံကို နားမထောင်နိုင်ပေ။ သူ့စိတ် ဟာလာဟင်းလင်း ဖြစ်နေပြီး သူ့နှလုံးသားကို အပ်ပေါင်းများစွာဖြင့် ထိုးနှက်နေသကဲ့သို့ ခံစားရသည်။

သူမက ထျန်းကျင်းရွှမ်အပေါ် ထားရှိသော ခံစားချက် အစစ်အမှန်ကို မဆုံးဖြတ်နိုင်သော်လည်း ထျန်းကျင်းရွှမ် ဂီတလောကထဲမှ နုတ်ထွက်သွားရသည့် အကြောင်းအရင်းက သူမ ပေးခဲ့သော နာကျင်မှုကြောင့် ဖြစ်လိမ့်မည်။

ဤအတွေးကြောင့် စုန့်ယန်ရှုက သူ့ဖုန်းကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး ထျန်းကျင်းရွှမ်ကို ဖုန်းခေါ်သည်။ သို့သော်လည်း တစ်ဖက်မှ ဖုန်းမကိုင်ခဲ့ပေ။ ထို့ကြောင့် ထျန်းနင်ကို ဖုန်းခေါ်ကြည့်ရန် ဆုံးဖြတ်ခဲ့သော်လည်း ထျန်းနင်၏ဖုန်းက စက်ပိတ်ထားသည်။

"သူ အဲလို မလုပ်ရဘူး။ အနုပညာအလုပ်တွေကို ရပ်နားပစ်လို့ မဖြစ်ဘူး"
စုန့်ယန်ရှုက သူ့အတွေးထဲ ရေရွတ်နေမိသည်။

"အစ်မစုန့် ဘာဖြစ်လို့လဲ"
သူမ၏ မိန်းမောနေသော အပြုအမူကို သတိထားမိပြီးနောက် သူ့အနုပညာရှင်က သူ့ကို ဂရုစိုက်သော လေသံဖြင့် မေးမြန်းသည်။ သို့သော်လည်း စုန့်ယန်ရှုက သူမ၏ဘေးပတ်ဝန်းကျင် အခြေအနေကို ဂရုမစိုက်အား နားနေခန်း အပြင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Unde poveștirile trăiesc. Descoperă acum