Ep 409+410+411

127 9 0
                                    

အပိုင်း(၄၀၉)

တကယ်တမ်း ထျန်းနင်ကိုယ်တိုင်က 'Stupid'ရုပ်ရှင်၏ ဇာတ်ကား တစ်ကားလုံးကို မကြည့်ရသေးပေ။ ရုပ်ရှင်အစမ်းပြသည့်အချိန် သူမက 'WH'ရုပ်ရှင် ရိုက်ကူးလက်စ ဖြစ်သည်။

ထို့ကြောင့်လည်း သူမ၏အတွေးကို အများပြည်သူ၏ တုံ့ပြန်မှုက လွှမ်းမိုးထားသည်။

သူမအတွက်  'Stupid'ရုပ်ရှင်က ရှင်သန်ဖို့ ရုန်းကန်နေရသည်ဟု ခံစားမိသည်။

"ချစ်လေးရဲ့ သရုပ်ဆောင်စွမ်းရည်
တိုးတက်နှုန်းနဲ့ဆို တစ်နှစ် ရုပ်ရှင် သုံးကားက ချစ်လေး ရိုက်ကူးနိုင်တဲ့ အကန့်အသတ် ဖြစ်နိုင်တယ်။ ဒါကြောင့် နောက်နှစ်ဝက်မှာ နောက်ထပ်ရုပ်ရှင် တစ်ကား ထပ်ရိုက်ကူးနိုင်ဖို့ ကိုယ် ကူညီပေးမယ်။အဲဒါပြီးရင်တော့ ကလေး ယူဖို့ အားကြိုးမာန်တက် ပြင်ဆင်ပေါ့"

ထိုနေ့ညက သူတို့စုံတွဲလေးသည် စာကြည့်ခန်းထဲမှာ ဇာတ်ညွှန်းစာရွက်များကို လှန်လှော ဖတ်ရှုနေသည်။ မို့ထင်က စာရွက်များကို အလျင်အမြန် ဖတ်ရှုပြီးနောက် ဘေးဖယ်ထား လိုက်သည်။

"ယောက်ျား စကားကို ချစ်လေး နာခံမယ်"
ထျန်းနင်က မို့ထင်၏ ကျောလေးကို မှီကာ စကားပြန်ပြောသည်။
"ချစ်လေးတို့ အနာဂတ်အတွက် ယောက်ျား စီစဉ် ပေးထားတာကို သဘောကျတယ်"

ထျန်းနင်၏ အဖြေကြောင့် မို့ထင်၏ နှုတ်ခမ်းပါးလေးက ကျေနပ်ဟန် အပေါ်သို့ ကော့ညွှတ်သွားသည်။

"ဒီနှစ် ဖေးထျန်း လူသစ်ဆုကို ချစ်လေး ပိုင်ဆိုင်ရပြီး အဲဒီဆုနဲ့ အိမ်ပြန်လာစေချင်တယ်"

"ယောက်ျားက ချစ်လေးကို အဲဒီလောက်တောင် ယုံကြည်တာလား"
ထျန်းနင်က သူ့လက်ထဲမှ ဇာတ်ညွှန်း စာရွက်ကို အောက်ချထား လိုက်ပြီး မို့ထင်၏ ကျောပေါ် ခေါင်းတင်ကာ
"Stupid ရုပ်ရှင်ရဲ့ တိုးတက်မှု အခြေအနေ ဘယ်လိုရှိလဲ သိချင်လိုက်တာ"

"မစ္စမို့က ကိုယ့်ယောက်ျားရဲ့ အရည်အချင်းကို သံသယ ဝင်နေတာလား"
မို့ထင်က မျက်ခုံးလေး ပင့်ကာ လှည့်ကြည့်သည်။

"တကယ်တမ်း အဲဒီလို မဟုတ်ပါဘူး။ ချစ်လေး ရင်းနှီးတဲ့ ဝန်းကျင် မဟုတ်တော့ စိုးရိမ်စိတ် ဖြစ်မိရုံပါ"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now