အပိုင်း(၄၆၈)

102 12 0
                                    

အပိုင်း(၄၆၈)

အိမ်ပြန်ရောက်လာပြီးနောက် ထျန်းအကြီးအကဲက သူ့စာကြည့်ခန်းထဲမှာ တစ်ယောက်တည်း အေးအေးဆေးဆေး ထိုင်နေပြီး မို့ထင် ပေးလိုက်သော သေတ္တာလေးကို ဆုပ်ကိုင်ထားသည်။

ခဏကြာ တုံ့ဆိုင်းပြီးနောက် သေတ္တာကို ဘေးကင်းလုံခြုံသော နေရာမှာ သိမ်းဆည်းထားလိုက်သည်။ သေတ္တာထဲ ပါဝင်သော အကြောင်းအရာများကို  ဖတ်မိလျှင် ထျန်းရွှမ်ကို တစ်စက္ကန့်မျှ သည်းခံနိုင်မည် မဟုတ်ပေ။

သိပ်မကြာလိုက် တံခါးခေါက်သံ ကြားရသည်။ ထျန်းရွှမ် ဖြစ်နေသည်။
"ဘိုးဘိုး၊ မြေး ဝင်လာလို့ရလား"

ထျန်းရွှမ်က အခန်းတံခါးကို တွန်းဖွင့်ပြီး အခန်းထဲ ဝင်ရောက်လာသည်။ သူမက ပြုံးပြုံးရွှင်ရွှင် မျက်နှာဘေးဖြင့် ထျန်းအကြီးအကဲ အနား ချဉ်းကပ်လာသည်။

"ဘိုးဘိုး၊ မြေးလေ ကိုယ်ဝန်ကြီးနဲ့ အိမ်မှာ နေရတာ ပျင်းရိနေပြီ။ မြေးအလုပ်ထွက်လုပ်လို့ ရမလား"

ထျန်းအကြီးအကဲက ထျန်းရွှမ်၏ စရိုက်အမှန်ကို သိသွားပြီးနောက် သူမ၏နှုတ်မှ ထွက်လာသော စကားလုံးတိုင်းက ကောက်ကျစ်သော အကြံအစည်သာ ဖြစ်လိမ့်မည်ဟု လက်ခံထားသည်။

ထျန်းရွှမ်က ကလေးကို အသုံးချပြီး ထျန်းအုပ်စုသို့ ပြန်လာခဲ့ချင်၍ အလုပ်လုပ်ချင်သည့် အကြောင်း တမင် ပြောနေခြင်း ဖြစ်သည်။

"ကိုယ်ဝန်နုသေးတော့ မြေးအလုပ်လုပ်ရင် အဘိုးရဲ့မြစ်လေး ပင်ပန်းနေပါဦးမယ်"

ထျန်းအကြီးအကဲက သူမ၏ စိတ်သဘောထားကို ကောင်းကောင်းကြီး သိနေသည်။  ထျန်းအကြီးအကဲက မိသားစုပိုင် စီးပွားရေး လုပ်ငန်းကို သူမလက်ထဲ မလွှဲပြောင်းပေးသည့်တိုင် သူမ နှင့် ထိုက်တန်သော ရာထူးကို ပေးလိမ့်မည်ဟု သူမ ယူဆထားသည်။

သို့သော်လည်း သူမ၏ ယူဆချက်က မှားယွင်းနေခဲ့သည်။

ထျန်းအကြီးအကဲက ထျန်းရွှမ်ကို အလုပ်လုပ်ခွင့် ပေးလိမ့်မည်။ အကယ်၍ သူ ခွင့်မပြုလျှင် သူမကို သနားစိတ်ဝင်အောင် တခြားနည်းလမ်း ကြံရွယ်လိမ့်မည်။ ထို့ကြောင့် သူ ပြုံးလိုက်ပြီး ထျန်းရွှမ်၏လက်ဖမိုးလေးကို ဖွဖွလေး ပုတ်သည်။
"ဟုတ်ပါပြီ။ ဘိုးဘိုး အလုပ်လုပ်ခွင့် ပေးမယ်။ မြေးအတွက် ပြင်ဆင်သင့်တာ ပြင်ဆင် ပေးထားမယ်။ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် ဂရုစိုက်ပါမယ်လို့တော့ ကတိပေးရမယ်။ အရင်လို ပင်ပန်းတဲ့ အလုပ်တွေ လုပ်လို့ မရဘူးနော်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now