အပိုင်း(၅၀၈)
ထျန်းနင်က စီးပွားရေးလုပ်ငန်းရှင်ဆန်သော ဝတ်စုံကို ပထမဆုံး အကြိမ် ဝတ်ဆင်ခြင်း ဖြစ်သည်။
"ကိုယ် အဖော်လိုက်ဖို့ မလိုတာ သေချာရဲ့လား"
မို့ထင်က ထျန်းနင်၏ကား မထွက်သွားအောင် ဟန့်တားလျက် စိုးရိမ်တကြီး ပြောဆိုသည်။"သေချာပါတယ်"
ထျန်းနင် ခေါင်းညိတ်ပြသည်။
"စိတ်မပူပါနဲ့ ချစ်လေးမှာ ချောင်းအတွင်းရေးမှူး ရှိပါတယ်""ဒါဆိုရင် ချစ်လေးရဲ့ တိုးတက်မှု အခြေအနေကို ကိုယ် စောင့်မျှော်နေမယ်နော်"
မို့ထင်က သူမ၏အနား တိုးကပ်ကာ တိုးတိုးလေး မပြောခင် သူမ၏ပါးမို့မို့လေးကို ထိတွေ့သည်။"ချစ်လေးက ဩဇာညောင်းတဲ့ စီအီအို ဖြစ်လာရင်တောင် ချစ်ဖို့ကောင်းတဲ့ ဟန်ပန် ရှိနေဦးမှာပါလို့ ကိုယ် ပြောခဲ့ဖူးတယ်မလား"
"အခု ပြောလည်း နောက်မကျပါဘူး"
ထျန်းနင်က မို့ထင်၏ပါးကို လှစ်ခနဲ မနမ်းခင် ပြန်ဖြေသည်။"သွားတော့ ပျော်စရာတွေ ဖန်တီးခဲ့"
ထျန်းနင်က ထျန်းရွှမ်ကို သိက္ခာချရန် သက်သက်ဖြင့် ကုမ္ပဏီကို သွားမှန်း မို့ထင် သိနေ၍ ကုမ္ပဏီကို လည်ပတ်သည်ဟု ပြောမည့်အစား ပျော်စရာ ဖန်တီးခဲ့ဟု ပြောခဲ့ခြင်း ဖြစ်သည်။ ထျန်းရွှမ်က အထူးဧည့်သည်စာရင်းကို ဖော်ထုတ်ခဲ့လည်း သူမက ဂရုစိုက်နေမည့် မဟုတ်ပေ။ ဤမျှလောက်ဖြင့် သူမကို ခြိမ်းခြောက်နိုင်မည်နည်း။ တုံးအလွန်းသည်။
ထျန်းရွှမ်၏ တုန်လှုပ်နေသာ မျက်နှာအမူအရာကို မျက်မြင်တွေ့ရမည့် အချိန်အခါ ဖြစ်သည်။
...
ထျန်းအုပ်စု၏အစည်းအဝေး ကျင်းပသော ခန်းမဆောင်အတွင်း လူတိုင်းက စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ သူတို့က ထိုင်ခုံမှာ ထိုင်နေကြသော်လည်း လူတိုင်း၏မျက်နှာက ခံစားချက်မျိုးစုံကို ပြသနေသည်။ တကယ်တမ်း သူတို့အားလုံးက စက္ကန့်တိုင်းကို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေရသည်။
ရှယ်ရှာရှင် တစ်ဦးက သူ့လက်ကောက်ဝတ်ကို မြှောက်လိုက်ပြီး သူ့နာရီကို ပြန်ကြည့်သည်။
"ငါတို့တွေ ဘယ်လောက်ကြာကြာ ထပ်စောင့်ရဦးမလဲ။ တစ်နာရီကြာနေပြီနော်"