စာစဉ်(၂၅) Ep 346+347+348

132 8 0
                                    

အပိုင်း(၃၄၆)

 
"မကြောက်နဲ့နော်။မင်းကို ကူညီပေးဖို့ ငါတို့တွေ မင်းနားမှာ ရှိနေမယ်"
 
လင်းရှန်က ချိုသာစွာ နှစ်သိမ့်သည်။
 
ထျန်းနင်က မို့ထင်ကို ခေါင်းလှည့်ကြည့်သည်။ မို့ထင်၏နှုတ်ခမ်းထောင့်လေးများက အပြုံးရိပ်ပေါ် လွင်အောင် ကော့ညွှတ်သွားကြောင်း သတိထားမိ သွားသော်လည်း စိတ်ထဲ ဘဝင်မကျ ဖြစ်နေသေးသည်။
 
"ကျွန်မကြောင့် 'Stupid'ရုပ်ရှင် ပြဿနာတက်ရတယ်လေ။ ကျွန်မကြောင့် အခြေအနေ ပိုဆိုးရွားသွားမှာ မစိုးရိမ်ဘူးလား"
 
 
"ဘာတွေကို တွေးကြောက်နေရမလဲ ချစ်လေးရယ်"
 
 
မို့ထင် ပြန်မေးသည်။
 
"မော်ဒယ် အလုပ်ဆိုရင်တော့ အရာအားလုံးက ကျွန်မလက်ထဲ ရှိတော့ ဘာလုပ်သင့်လဲ ဘယ်လိုဖြေရှင်းရင် သင့်လျော်လည်း သိတယ်။ အခု သရုပ်ဆောင် အလုပ်ကတော့ မော်ဒယ် အလုပ်နဲ့ ခြားနားတယ်။ ကျွန်မနဲ့ အစိမ်းသက်သက် ဖြစ်နေတယ်"
 
 
"မင်းရဲ့ သရုပ်ဆောင်စွမ်းရည်ရယ် မို့သူဌေးရဲ့ ပီအာ အရည်အချင်းရယ် ပေါင်းစည်းလိုက်ရင်  ဖေးထန် အကောင်းဆုံးသရုပ်ဆောင် မင်းသမီး ဆုတံဆိပ်ကို မင်း တစ်နေ့ ပိုင်ဆိုင်နိုင်မှာပါ"
 
လင်းရှန်က သူ့စိတ်ရင်းအတိုင်း မြှောက်ပင့် ပြောဆိုသည်။
 
ဤလောကကြီးထဲ လူအများစုက ဇွဲလုံလဝီရိယ ရှိပြီး ပါရမီပါသူ ဖြစ်ချင်ဖြစ် သို့တည်းမဟုတ် ပါရမီ မပါသော်လည်း  ဇွဲလုံလ ရှိသူ ပိုများသည်။
 
 
ထျန်းနင်ကဲ့သို့ ဇွဲရှိပြီး ပါရမီ အထုံပါသူက အောင်မြင်ရန် မခက်ခဲပေ။
 
 
"အခုရိုက်ကူးနေတဲ့ 'Stupid'ရုပ်ရှင်ဇာတ်ကားကို အကောင်းဆုံး ဖြစ်စေချင်ရုံပါ။ တခြား ဘာမှ မတွေးချင်သေးဘူး"
 
ထျန်းနင်က သူမ၏အတွေးကို ထုတ်ပြောသည်။
 
 
"နင် အရမ်းခေါင်းခြောက်အောင် တွေးနေဖို့လည်း မလိုအပ်ပါဘူး။ နင့်နောက်က အမျိုးသားက နင့်ကို စီစဉ်ပေးပါလိမ့်မယ်"
 
 
 
ပရိသတ်များက အချိန်အတိုင်းအတာ တစ်ခုအထိ အုတ်အုတ်သဲသဲ ဖြစ်ခဲ့သည်။ သူတို့က အုပ်စုငယ်လေးများ ဖွဲ့စည်းပြီး ရုပ်ရှင်ကို သပိတ်မှောက်ရန် ကြိုးစားသည်။
 
 
သို့သော်လည်း ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့သား အားလုံးက ထျန်းနင်၏ သရုပ်ဆောင်စွမ်းရည် မနိမ့်ကျမှန်း လက်တွေ့သိကြသည်။ တကယ်တမ်း ထျန်းနင်၏ သရုပ်ဆောင်စွမ်းရည်က တုန်လှုပ်စရာကောင်းအောင် အထင်ကြီးလေးစား ထိုက်သည်။
 
 
"ဟွန့် ရုပ်ရှင်ရုံတင်တဲ့နေ့ရောက်မှ အပြစ်တင်နေတဲ့အုပ်စု ဖြစ်သွားမယ် မျက်နှာတွေကို မြင်ယောင်ချင်သေးတယ်"
 
 
"ဒါပေမဲ့ သူတို့တွေ ဆက်သပိတ်မှောက်နေရင် ဘယ်သူတွေက ရုပ်ရှင်ကို စောင့်ကြည့်တော့မလဲ"
 
 
"ဟိုက်ဟွေ့ဖျော်ဖြေရေးက အခုပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးဖို့ပဲ မျှော်လင့်တယ်။ ဒါမှ ဇာတ်လမ်းကောင်းလေး နာမည်ပျက်တာကို တားဆီးနိုင်မှာလေ"
 
 
ပွက်လောရိုက်နေသော အချိန်ကာလတွင် ဒါရိုက်တာတစ်ဦးက သူ့အမြင်ကို လူ့မှုကွန်ယက်ပေါ် တင်ရန် ဆုံးဖြတ်ခဲ့သည်။ အလုပ်ကြိုးစားပြီး လုပ်ငန်းကျွမ်းကျင်သော သရုပ်ဆောင် အများစုက သူတို့ ငယ်ရွယ်ချိန်များကို ရုပ်ရှင်ရိုက်ကူးလျက် အချိန်ကုန်ဆုံးခဲ့သော်လည်း  ကောင်းမွန်သော ဇာတ်လမ်းဇာတ်ကွက်များတွင် သရုပ်ဆောင်ခွင့် မရခဲ့ကြပေ။ ကောင်းမွန်စွာ သရုပ်မဆောင်တတ်သူများက အကောင်းဆုံး ဇာတ်ကောင်စရိုက်ကို သရုပ်ဆောင်ခွင့် ရနေသည်။ ဤအပြုအမူမျိုးက ဖျော်ဖြေရေး လောကတစ်ခုလုံးကို ပျက်စီးအောင် ချောက်ထဲ တွန်းချ သကဲ့သို့ ဖြစ်နေသည်။
 
 
"ဒါရိုက်တာသာ ငါ့ရှေ့ရောက်လာရင်တော့ ပါးရှစ်စိတ်ကွဲအောင် ရိုက်ပစ်ချင်တယ်။ သရုပ်ဆောင်တာ မမြင်ဖူးတာလား ဘယ်လိုများ အကဲဖြတ်ပြီး သရုပ်ဆောင် ရွေးချယ်လိုက်သလဲ"
 
 
လုံကျဲက မှတ်ချက်များကို စိတ်ဆိုးမာန်ဆိုး ဖတ်ရှုနေသည်။ ချင်းလု အရှေ့မှာ ဒူးထောက် တောင်းပန်ရန် ဖိအား ပေးခံရဖူးသော်လည်း ယခုအထိ သူမ အမှားလုပ်ခဲ့သည်ဟု မခံစားဖူးချေ။
 
 
 
"သူတို့လည်း သူတို့အမြင်ကို ဖော်ပြခွင့် ရှိပါတယ်"
 
 
ထျန်းနင်က  သွေးပျက်ခြင်း မရှိသော မျက်နှာအမူအရာဖြင့် ပြန်ဖြေသည်။
 
"ဒါပေမဲ့ သူတို့အမြင်ကို ထုတ်ဖော်တာ ခပ်ကြမ်းကြမ်းပါလား"
 
 
" သူတို့ ခပ်ကြမ်းကြမ်း စကားတွေက နောင်အနာဂတ်မှာ သူတို့ကိုပဲ အရှက်တကွဲ အကျိုးနည်း ဖြစ်စေမှာပါ"
 
 
တကယ်တမ်း လက်တွေ့မှာ ဤအဖြစ်အပျက်၏တိုးတက်မှုက လူတိုင်း မျှော်မှန်းထားသော အခြေအနေထက် ကျော်လွန်ခဲ့သည်။ ကျော်ကြားသော ဒါရိုက်တာက တခြားသော ဒါရိုက်တာများနှင့် အဖွဲ့ဖွဲ့ပြီး  ထျန်းနင်ကဲ့သို့အရည်အချင်း မရှိသော သရုပ်ဆောင်များကို သပိတ်မှောက်ရန် စီစဉ်ကြသည်။
 
 
 
...
 
 
 
"သူဌေး၊ ဒါရိုက်တာတွေ သပိတ်မှောက်နေတဲ့ ဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက် ရှိနေနိုင်တယ်"
 
လုချယ်က သူ ရှာတွေ့ထားသော အချက်အလက်များကို မို့ထင်လက်ထဲ လွှဲပေးသည်။
 
"အရင်တစ်ခေါက်တုန်းက ဟိုက်ဟွေ့ဖျော်ဖြေရေးက အရက်စက်ဆုံး နည်းလမ်းကို သုံးပြီး 'Stardom'ကို ဖျက်ဆီးပစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီဇာတ်ကားရဲ့ ထုတ်လုပ်သူက လူချမ်းသာဆက်ဆံသူ ဖြစ်မယ်လို့ ဘယ်သူက ကြိုတွေးမိမလဲ။ သူက ဇာတ်ညွှန်းကို စတွေ့တည်းက သဘောကျပြီး ရုပ်ရှင်ရိုက်ဖို့ ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ လုပ်ရပ်ကြောင့် သူ အရမ်းဒေါသထွက်နေပုံပဲ"
 
 
"သပိတ်မှောက်တာကို အစပျိုးခဲ့တဲ့သူတွေကလည်း ရုပ်ရှင်ထုတ်လုပ်သူရဲ့ မိဘတွေပဲ။ ဒါကြောင့် အဲဒီလူနှစ်ယောက်က ပြဿနာကို ပိုဆိုးအောင် ဖန်တီးတာပေါ့"
 
 
 
"ဒီတစ်ခေါက်တော့ သူတို့တိုက်ခိုက်မှုက မဒမ်ကို ဦးတည်နေတယ်"
 
 
 
"ရုပ်ရှင်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ပိုင်းတွေက ဒီပဋိပက္ခမှာ အရမ်းကို အရေးပါတယ်။ တရားသတင်းမီဒီယာတွေကလည်း သရုပ်ဆောင်တိုင်းကို မျှမျှတတ ဆက်ဆံသင့်တယ်။ ထိုက်တန်တဲ့ ဇာတ်ကောင်စရိုက်ကိုပဲ သရုပ်ဆောင်ခွင့် ပေးသင့်တယ်လို့ မီးလောင်ရာလေပင့် လုပ်ကြတယ်"
 
 
"သရုပ်ဆောင်ပြောင်းသင့်ရင် ပြောင်းလဲရမယ်။ ဒီလိုမှ မဟုတ်ရင် ရုပ်ရှင်စီစစ်ရေးကို ဖြတ်ကျော်ဖို့ မလွယ်ဘူးလို့ တိုက်တွန်းကြတယ်"
 
 
" ထျန်းနင်က သူရိုက်ကူးရမယ် ဇာတ်ဝင်ခန်းတွေကို အပြီးသတ်ခါနီးပြီ။ သူ့အတွက် နောက်ထပ် လူရွေးပွဲ အစမ်းသရုပ်ဆောင်တာတောင် ပြင်ဆင်ထားတယ်"
 
မို့ထင်၏မျက်ဝန်းအကြည့်က သူ့လက်ထဲမှာ ရှိနေသော 'Gunshot' ဇာတ်ညွှန်းအပေါ် ကျရောက်နေသည်။
 
"ထျန်းနင်အတွက် သရုပ်ဆောင်မယ် နာမည်အသစ် ရွေးချယ်ပြီး အစမ်းသရုပ်ဆောင်တာ ဝင်ပြိုင်ဖို့ လျှောက်လွှာတင်ပါ"
 
 
 
" 'Gunshot' ဇာတ်ကားကို ခေါင်းမာတဲ့ ဒါရိုက်တာနဲ့ ရိုက်ဖို့ ဆုံးဖြတ်ထားတာမလား"
 
 
 
"ဟုတ်တယ်၊ ဒါမှ ထျန်းနင်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို သူ မျက်မြင်တွေ့မှာလေ။ဒါမှ သူလုပ်မိတဲ့ အမှားကို သူ့ဘာသာသူ သေချာသိမှာလေ"
 
မို့ထင်၏မျက်ဝန်းများက မီးလျှံကဲသို့ လင်းလက်နေသည်။
 
"မဒမ်က အစမ်းသရုပ်ဆောင်တာ အောင်မြင်သွားတော့ရော ဘာဆက်ဖြစ်မှာလဲ"
 
 
မို့ထင်က သူ့ရုံးသုံးထိုင်ခုံပေါ်မှ ထလိုက်ပြီး ဖန်သားပြတင်းပေါက်အနား လမ်းလျှောက်သွားသည်။
 
"ဒီလိုလုပ်ရတာ ငါ့မိန်းမရဲ့ အရည်အချင်းကို သက်သေပြချင်လို့ပဲ။ ငါက သူ့ရုပ်ရှင်ကို လုံးဝ စိတ်မဝင်စားဘူး"
 
"ငါ့အိမ် တံခါးပေါက်မှာ ဒူးထောက်မတတ် တောင်းပန်ရင်တော့ အကောင်းဆုံးပဲ"
 
 
 
"စီစဉ်စရာရှိတာတွေကို ချက်ချင်းစီစဉ်ပါမယ်"
 
 
 
လုချယ်၏မျက်ဝန်းတွင် စိတ်လှုပ်ရှားသော ခံစားချက် အရိပ်အယောင်များ ပေါ်လွင်လာသည်။
 
 
မို့ထင်က ယခင်ကအတိုင်း အကြံဉာဏ်များသူ ဖြစ်နေသည်။ ထျန်းနင် သရုပ်ဆောင်ခြင်းကို မမြင်ဖူးဘဲ ပြစ်တင်ဝေဖန်ခဲ့သော ဒါရိုက်တာကို သင်ခန်းစာပေးမည့် အစီအစဉ်က စိတ်ကျေနပ်ဖွယ်ကောင်းသည်။ ထျန်းနင် သရုပ်ဆောင်နိုင်လား သရုပ်မဆောင်နိုင်လား သူတို့မျက်စိဖြင့် မျက်မြင်တွေ့ခွင့်ရမည်။
 
 
တစ်စုံတစ်ယောက်ကို အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ကြံရွယ်ခဲ့သော တန်ပြန်တိုက်ကွက် ဖြစ်လိမ့်မည်။
 
 
 
ထို့အပြင် အစမ်းသရုပ်ပြခြင်းကို မြင်တွေ့ရမည့် မျက်ဝန်းပေါင်းများစွာ နှင့် အကဲဖြတ်သူ များစွာ ရှိနေသဖြင့် ထျန်းနင်သာ  အသိအမှတ်ပြုခံရလျှင် အားလုံး၏ပြစ်တင်ဝေဖန်မှုက ဒါရိုက်တာ အပေါ်သာ ကျရောက်လာလိမ့်မည်။
 
 
 
ထျန်းနင်ကို အရည်အချင်း မရှိသော သရုပ်ဆောင်ဟု ပြောဆိုနေသော အတင်းအဖျင်းများလည်း လွင့်ပြယ်သွားလိမ့်မည်။
 
 
ယမန်နေ့ညနေခင်းမှာ လုချယ်က ထျန်းနင် ဖတ်ရှုရန်  'Gunshot' ဇာတ်ညွှန်းကို လာပို့ပေးပြီး မို့ထင်၏အကြံအစည်ကို ထျန်းနင်သိအောင် ရှင်းပြသည်။
 
"ဒါက မဒမ်အတွက် လက်စားချေပေးမယ် သူဌေးရဲ့ အကြံအစည်ပါ။ မဒမ်သာ သဘောတူရင် ဒီအကြံအစည်ကို အကောင်အထည်ဖော်ပါမယ်"
 
" ကောင်းပြီလေ"
 
ထျန်းနင် ခေါင်းညိတ်သည်။ တိုက်ခိုက်ရေးသမား ဇာတ်ကောင်ကို သူမ အမှန်တကယ် စိတ်ဝင်စားသည်။
 
 
"တိုက်ခိုက်ရတဲ့ ဇာတ်ဝင်ခန်းတွေကို ဘယ်လို သရုပ်ဆောင်မလဲ"
 
 
 
" အဟမ့် သူဌေးပြောတာတော့ မဒမ်ကို သူကိုယ်တိုင် သင်ကြားပေးမယ်တဲ့"
 
လုချယ်က  လည်ပင်းနောက်ဘက်ကို လက်ဖြင့် ပွတ်သည်။
"တကယ်တော့ သူဌေးက တိုက်ရေးခိုက်ရေး စွမ်းရည်က လေးစားထိုက်ပါတယ်။ သူ့ကျွမ်းကျင်မှုက တိုက်ခိုက်ရေးကျောင်းဆင်း အဆင့်ရှိတယ်"
 
ထျန်းနင် ခေါင်းငုံ့ကာ ပြုံးလိုက်သည်။
 
"ငါလည်း ထင်ရဲ့အရည်အချင်းကို သံသယ မဝင်ပါဘူး"
 
"ဒီလိုဆိုရင် မဒမ်ရဲ့ သရုပ်ဆောင်နာမည်ကို ရွေးချယ်ပါ"
 
 
"ရီကျန်း(အမှန်တရား) ထျန်းရီကျန်း"
 
 
မို့ထင်က သူမ၏အရည်အချင်းကို လူတိုင်း သိသွားအောင် သက်သေပြချင်၍ ယခုလို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
 
'Gunshot'ရုပ်ရှင်တွင် တကယ် သရုပ်ဆောင်စေချင်သည့် ဆန္ဒ မရှိမှန်း ထျန်းနင် သိပါသည်။ သို့တိုင် ထျန်းနင်က ဇာတ်ညွှန်းကို လေးလေးနက်နက် ဖတ်ရှုနေသည်။
 
"ဒါဆိုရင် အစမ်းသရုပ်ဆောင် ဝင်ပြိုင်ဖို့ မဒမ်အတွက် လျှောက်လွှာ စီစဉ်လိုက်ဦးမယ်။ ရက်ပိုင်းလောက်တော့ အချိန်ရှိသေးပေမဲ့ အလောတကြီး စီစဉ်ရမယ်"
 
 
အပိုင်း(၃၄၆)
 
ပြီး၏။
အပိုင်း(၃၄၇)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now