အပိုင်း(၄၉၈)

86 13 1
                                    

အပိုင်း(၄၉၈)

ထျန်းစီးပွားရေးအုပ်စု

ဒါရိုက်တာအဖွဲ့က အရေးပေါ် အစည်းအဝေး ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုစဉ် ထျန်းရွှမ်က အစည်းအဝေးပွဲ တက်ရောက်လာ၍ အားလုံး အံ့ဩနေသည်။

ယခင်က ထျန်းရွှမ်ကို လူမသိ သူမသိ နေရာတွင် အလုပ်ခန့်ထား၍ ထျန်းရွှမ်က ကုမ္ပဏီပြန်ရောက်နေသည့် အကြောင်းကို ရှယ်ရာရှင်တချို့ မသိခဲ့ခြင်း ဖြစ်သည်။

ထျန်းရွှမ်က သူ့ကို ရှယ်ရာရှင်များ မယုံကြည်မှန်းလည်း သိနေသည်။ ထို့ကြောင့် ခေါင်းမာလွန်းသော အဘိုးကြီးများက သူမ၏အရည်အချင်းကို ယုံကြည်လက်ခံလာအောင် သူမ သက်သေပြရမည်။

"ဒီနေ့က ဘိုးဘိုးကိုယ်စား အစည်းအဝေးတက်ပေးတာပါ။ ရှင်တို့တွေ ပြောချင်တာရှိရင် ကျွန်မကိုပဲ ပြောပေးပါ"

ရှယ်ရာရှင်များက တစ်ယောက်မျက်နှာ တစ်ယောက် ငေးကြည့်ကြသည်။ နောက်ဆုံးတော့ ထျန်းရွှမ်၏ ညာဘက်ခြမ်းမှာ ထိုင်နေသည့်  အသက် ၄၀ပတ်လည် လူအိုကြီးက သူ့ဝတ်စုံကို သေသပ်အောင် ပြင်ဆက်လျက် ဝင့်ကြွားသော အမူအရာဖြင့် စကားပြောသည်။
"ရှားသူဌေး ဘယ်အချိန် ပြန်လာမလဲ သိချင်တယ်။ ထျန်းစီးပွားရေး အုပ်စုလို ကုမ္ပဏီကြီးက ကြီးကြပ်မယ်သူ မရှိပဲ ဘယ်လို ရှေ့ဆက်ကြမလဲ"

ထျန်းရွှမ်က ခေါင်းငုံ့ထားလိုက်ပြီး မပြုံးခင် စက္ကန့်ပိုင်းမျှ တွေးတောနေသည်။
"အန်တီရှား သေလား ရှင်လား ငါတို့တွေလည်း သေသေချာချာ မသိသေးပါဘူး။ လူတိုင်းက ငါတို့ကို အချိန်ပေးဖို့ မျှော်လင့်ပါတယ်"

"အချိန်ပေးရမယ် ဟုတ်လား။ ဆွစ်ဇာလန်နဲ့ ပူးပေါင်းဖို့ ငါတို့ ဘယ်လောက်တောင် ရင်းနှီးမြှုပ်နှံထားရလဲ မင်း သိလို့လား။ အခုလိုသာ ဆိုရင် ပယ်ဖျက်ခံရတော့မယ်။ ဒါကို ဘယ်သူက တာဝန်ယူပေးမှာလဲ"

"ထျန်းသခင်မလေး၊ မင်းအခက်အခဲကို ငါတို့ နားလည်ပါတယ်။ ဒါပေမဲ့ ငါတို့လို ရှယ်ရာရှင်တွေရဲ့ အကျိုးအမြတ်ကိုလည်း ထည့်စဉ်းစားပေးသင့်တယ်"
တခြားလူအိုကြီးက လက်ပိုက်ဟန် အနေအထားဖြင့် စကားဝင်ပြောသည်။
"ထျန်းမိသားစုက ကုမ္ပဏီကို ထိန်းချုပ်နိုင်ရင် ပြဿနာ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီစီးပွားရေးလုပ်ငန်းကို မင်းတို့မိသားစုက တည်ထောင်ခဲ့လို့ မင်းတို့က ရှယ်ရာအများဆုံး ပိုင်တာပဲ။ ဒါပေမဲ့ မင်းတို့အနေနဲ့ ငါတို့ကို ဖြေရှင်းချက် ပေးသင့်တယ်မလား။ ရှားသူဌေး ပြန်မလာနိုင်သေးရင်လည်း သူဌေးကြီးက သူ့ရာထူးကို ပြန်ယူသင့်တယ် မဟုတ်ဘူးလား"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)حيث تعيش القصص. اكتشف الآن