အပိုင်း(၄၅၀)

57 7 0
                                    

အပိုင်း(၄၅၀)

ထျန်းနင် အိမ်ပြန်ရောက်ချိန်က နေဝင်ခါနီး အချိန် ဖြစ်နေ၍ မို့ထင် အလုပ်လုပ်နေတုန်း ဖြစ်သည်။

ထျန်းနင်က ဧည့်ခန်းထဲ မတ်တတ်ရပ်ကာ သူတို့အတူတူ အလှဆင်ထားသော အိမ်လေးကို ကြည့်ရှုနေသည်။ သူတို့အတူတူ ကုန်ဆုံးခဲ့သော တစ်နှစ်တာ ကာလက ချိူမြွန်သော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

မနက်ဖြန်က သူတို့နှစ်ဦးနှင့် သက်ဆိုင်သော မင်္ဂလာနှစ်ပတ်လည်နေ့ ဖြစ်သည်။ မနှစ်က ဘဝ အနိမ့်အမြင့် အတက်အကျများကို သူမ တွေ့ကြုံ ခဲ့ရပြီး လောကဓံမှ ကြိုးစား ရုန်းထွက်ခဲ့ရသည်။ သူမကို ပျော်ရွှင်စေသည့် တစ်ခုတည်းသော အကြောင်းအရင်းက သူမ ဘေးနား မို့ထင် ရှိနေခြင်း ဖြစ်သည်။

သူမက နာရီကို လှမ်းကြည့်လိုက်၍ စောနေသေးကြောင်း သတိပြုမိသည်။ နဂိုက မို့ထင်အတွက် အရသာရှိသော ညစာ ပြင်ဆင်ပေးရန် စိတ်ကူးယဉ်ခဲ့သော်လည်း လုံကျဲက သူမကို ရုတ်တရက် ဖုန်းဆက် လာခဲ့သည်။

လုံကျဲက သူတို့ မင်္ဂလာနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုစကား ပြောပေးရန် ဖုန်းဆက်သည်ဟု တွေးခဲ့သော်လည်း ဖုန်းကိုင်ကိုင်ချင်း လုံကျဲ၏ စိုးရိမ်တကြီး အသံကို ကြားရသည်။
"ထျန်းနင်၊ မင်း ရိုက်ကွင်းမှာလား။ အခု ငါနင့်ကို လာတွေ့လို့ ရမလား"

"ငါက အိမ်မှာလေ။ ဘာဖြစ်လို့လဲ"
လုံကျဲ၏ အသံကြောင့် ထျန်းနင်၏ ခန္ဓာကိုယ် တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားသည်။

"ဘယ်သူ့ကို ဆက်သွယ်လို့ ဆက်သွယ် ရမယ်မှန်း မသိဘူး။ ငါ့စိတ် ထူပူနေတဲ့ အချိန် ပထမဆုံး တွေးမိတာ နင်ပဲ"

"ဘာဖြစ်တာလဲ ငါ့ကို ပြောစမ်းပါ"

လုံကျဲ ငိုကြွေးနေမှန်း ထျန်းနင် သိသည်။ လုချယ်က သူမကို အနိုင်ကျင့်စရာ အကြောင်းအရင်း မရှိပေ။

"ငါ... ငါ ပေကျင်းဆေးရုံမှာ"

ထျန်းနင် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ လုံကျဲက ခုတလော ကိုယ်ဝန်ဆောင်နိုင်ရန် ကြိုးစားနေပြီး ယခုထိ ကံမကောင်းသေးပေ။ လုံကျဲ၏ ခန္ဓာကိုယ်တွင် ချို့ယွင်းချက် ရှိနေသည်လော။ ထျန်းနင်က အတွေး မလွန်ဘဲ  နှစ်သိမ့်သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now