အပိုင်း(၄၃၉)
ပိုင်ချိုးရှန့်က ထျန်းနင်ကို အဆုံးအစွန်းအထိ ချောက်ထဲ တွန်းချရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် သူ သတိရလာလာချင်း သတင်းထောက် နှင့် ရဲအမှုထမ်းများကို တွေ့ဆုံရန် စီစဉ်သည်။
သူက ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာ ရသွားသည်ဟု ထင်ရသည်။ သူ့ဦးခေါင်းကို ပတ်တီးစည်းထားပြီး ဖြူဖပ်ဖြူရော် မျက်နှာအမူက သူ့ကို ပို၍ ပိန်ကပ်သွားသည်ဟု ထင်ရစေသည်။ သူ့မျက်ဝန်းကို ကြည့်လိုက်စဉ် အနည်းငယ် နီမြန်းနေသည်ဟု ခံစားရသည်။
"တရားခံက ကျွန်တော့်အသက်ကို လိုချင်ခဲ့တာ"
"ရဲအမှုထမ်းတွေက ကျွန်တော့်အတွက် တရားမျှတအောင် အမှန်တရားကို စုံစမ်းပေးဖို့ မျှော်လင့်ပါတယ်"
"လုပ်ကြံတဲ့သူကို ငါတို့ အပြစ်ပေးမှာပါ"
"အခုတော့ ဒီလောက်ပါပဲ။ ချိုးရှန့်ရဲ့ ကျန်းမာရေး အခြေအနေက အရမ်းကြီး မကောင်းသေးဘူး။ ဒါကြောင့် ဒီနေ့တော့ အင်တာဗျူးတွေ ထပ်လက်မခံနိုင်တော့ဘူး။ သူ နေကောင်းလာရင်တော့ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အားလုံးကို သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ဖြေရှင်းပါမယ်။ အခုတော့ မီဒီယာက ကျွန်တော်တို့ကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်"
ပိုင်ချိုးရှန့်၏ မန်နေဂျာက သတင်းထောက်များကို ဆေးရုံအခန်းမှ ထွက်သွားပေးရန် ယဉ်ယဉ်ကျေးကျေး ပြောဆိုသည်။ နောက်ဆုံး ကျန်ခဲ့သူက ပိုင်ချိုးရှန့်၏ အခြေအနေကို မှတ်တမ်း တင်ထားသည့် ရဲအမှုထမ်း ဖြစ်သည်။
ခဏကြာပြီးနောက် ရဲအမှုထမ်းက ဆေးရုံမှ ထွက်ခွာသွားပြီး ထျန်းနင်ကို ဆင့်ခေါ်ရန် ဟိုက်ဟွေ့ဖျော်ဖြေရေးသို့ ဦးတည် ထွက်လာခဲ့သည်။
ဤသတင်းကို ကြားကြားချင်း ဖျော်ဖြေရေးလောက တစ်ခုလုံး အုတ်အုတ်သဲသဲ ဖြစ်သွားသည်။ ထျန်းနင်က ပိုင်ချိုးရှန့်၏ တိုက်ခိုက်ခံရမှုကို နောက်ကွယ်မှု ကြိုးကိုင်သူလော။
သို့တည်းမဟုတ်လျှင် ရဲအမှုထမ်းက တခြားသူများကို ဆင့်မခေါ်ဘဲ ထျန်းနင်ကို တိုက်ရိုက် ဆင့်ခေါ်သနည်း။