အပိုင်း(၄၆၂)

129 17 0
                                    

အပိုင်း(၄၆၂)

"အမေ စိတ်အေးအေးထားပါ။ ဒေါသ မထွက်မိစေနဲ့။ အမေရဲ့ သမီး နဲ့ သားမက်ကို မယုံကြည့်လို့လား"
ထျန်းနင်က နှစ်သိမ့်သည်။
"အမေက ထျန်းရွှမ်ကို ရှောင်တိမ်းနေပြီး သူ့ထောက်ချောက်ထဲ မရောက်အောင် ကြိုးစားရင် အကောင်းဆုံးပဲ"

ရှားယွီလင်းက အသက်ခပ်ပြင်းပြင်း ရှုလိုက်ပြီး သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် ကြိုးစားသည်။ ထို့နောက် သူမက ကူကယ်ရာမဲ့ စကားပြန်ပြောသည်။
"အင်းပါ"

"သူနဲ့ အငြင်းမပွားနဲ့။ သူက အမေနဲ့ ထျန်းမိသားစု မကျေမလည် ဖြစ်အောင် ပြဿနာ ရှာမှာပဲ။ သူ့ကို မရှိသလို သဘောထားလိုက်တာ အကောင်းဆုံးပဲ"

"မိသားစုတာဝန်တွေကို ပခုံးထမ်းရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက အမေ့သမီးလေးကို ကာကွယ်ပေးချင်လို့ပဲ။ ရှောင်နင် မစိုးရိမ်နဲဲ့။ အမေက သမီးကို အစွမ်းကုန် ကာကွယ်ပေးသွားမယ်။ သူ လုပ်ချင်တိုင်း လုပ်ခွင့် မပေးနိုင်ဘူး"

"အမေ သမီး နားလည်ပါတယ်"

ထို့နောက် ထျန်းနင်က ခိုးခိုးခစ်ခစ် ရယ်မောသည်။ သူမ စိတ်ကြည်လင်နေပုံပင်။
"အမေကို သတင်းကောင်းလေး ပြောစရာ ရှိသေးတယ်"

"ဘာသတင်းကောင်းလေး ရှိလို့လဲ။ သမီးရဲ့ နာမည်ကြီး သတင်းတွေကြောင့် တခြားသူတွေပဲ စိုးရိမ်နေရတယ်"

ထျန်းနင်က သူမ၏ဝမ်းဗိုက်ကို ဖွဖွလေး ကိုင်ကာ ခပ်တိုးတိုးလေး ကြေညာသည်။
"အမေ အဘွား ဖြစ်လာတော့မယ်"

ရှားယွီလင်း ခဏမျှ ကြောင်နေမိသည်။ သူမ နားကြားမှားသည်ဟု ယူဆမိ၍ အလောတကြီး မေးမြန်းမိသည်။
"စောနက ဘာပြောလိုက်တာလဲ"

"အမေ အဘွားဖြစ်တော့မယ်လို့ ပြောလိုက်တာလေ"

ထျန်းနင် စိတ်ရှည်ရှည်ဖြင့် နောက်တစ်ခေါက် ပြောသည်။

"ဒါပေမဲ့ တခြားသူတွေ ပြောနေတာတော့..."

"နောက်မှပဲ အမေ့ကို အသေးစိတ် ရှင်းပြတော့မယ်။ ဒါပေမဲ့ အခုတော့ လျှို့ဝှက်ထားဦး"
ထျန်းနင် ညွှန်ကြားသည်။
"ဟုတ်ပြီနော် အမေ။ အခုတော့ သမီး အနားယူရမယ့် အချိန်ရောက်နေပြီ။ နောက်တစ်ခေါက် သမီးတို့ လူချင်း ဆုံမှပဲ အားလုံး ရှင်းပြပေးမယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now