အပိုင်း(၄၆၉)

74 9 0
                                    

အပိုင်း(၄၆၉)

"အစ်မ မစိုးရိမ်ပါနဲ့ ဘာလုပ်သင့်လဲ ညီမ သိပါတယ်"
ဟန်ရှင်းအာက ယုံကြည်မှု အပြည့်ဖြင့် ပြန်ဖြေသည်။

ခဏကြာ တိတ်ဆိတ်ပြီးနောက် ထျန်းနင်က ခပ်တိုးတိုးလေး ရယ်မောသည်။
"ပိုင်ချန်သုန်က အတ္တကြီးလွန်းတယ်။ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချပြီး သူ့ကို သင်ခန်းစာ ပေးလိုက်တော့။ သူနဲ့ တစ်သက်လုံး အတူနေမယ် အတွေးရှိရင် မပျော့ညံ့နဲ့ သူ့ကို အလျှော့ မပေးနဲ့"

"နားလည်ပါပြီ အစ်မ"

ထျန်းနင်နှင့် စကားပြောပြီးနောက် ဟန်ရှင်းအာက မီဒီယာကို ချက်ချင်း ဆက်သွယ်သည်။ သို့သော်လည်း ပိုင်ချန်သုန်က မိန်းမတစ်ယောက်ကို နမ်းနေသော ဓာတ်ပုံက သက်သေ အထောက်အထားဖြင့် ရှိနေ၍ ဟန်ရှင်းအာက သူတို့ကို တည့်တိုး ပြောလိုက်သည်။

"ကျွန်မတို့တွေ အခုတော့ အဖြေ မပေးနိုင်သေးဘူး။ ဒါပေမဲ့ ရှင်တို့တွေ မကြာခင်တော့ သတင်းကောင်း သိရမှာပါ"

တကယ်တမ်း မီဒီယာက ပိုင်ချန်သုန် နှင့် ဟန်ရှင်းအာတို့၏ ဆက်ဆံရေးကို ဖော်ထုတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ပိုင်ချန်သုန်က တစ်ခါမျှ လက်ထောက်မခန့်ခဲ့ဖူးပေ။ ဟန်ရှင်းအာကို ပထမဆုံး လက်ထောက်ခန့်ခဲ့၍ ဟန်ရှင်းအာက ပိုင်ချန်သုန်အတွက် ထူးခြားနိုင်သည်။ သို့သော်လည်း ပိုင်ချန်သုန် ရှိနေသော နေရာကို စုံစမ်းရ ခက်ခဲ၍ ဟန်ရှင်းအာနှင့် ဓာတ်ပုံတွဲရိုက်ရန် အတော်လေးပင် ခက်ခဲခဲ့သည်။

သို့သော်လည်း လူတိုင်းက သူတို့ဆက်ဆံရေးကို ဖော်ထုတ်ရန် စိတ်အားထက်သန်နေစဉ် ထူးဆန်းသော အမျိုးသမီးက ရုတ်တရက် ပေါ်လာသည်။

ပိုင်ချန်သုန်က ဟန်ရှင်းအာကို ငြီးငွေ့သွား၍ ကစားစရာ အသစ် ရှာဖွေသည်ဟု ယူဆခဲ့သည်။

သိပ်မကြာလိုက် ပိုင်ချန်သုန် ကိုယ်တိုင် ဖြေရှင်းပေးခဲ့သည်။
"ဓာတ်ပုံထဲက အမျိုးသမီးက ကျွန်တော်နဲ့ တကယ်လည်း ထူးခြားတဲ့ ဆက်ဆံရေး ရှိပါတယ်"

သူ့အဖြေကြောင့် သတင်းသမားများက ဟန်ရှင်းအာကို တိုက်ခိုက်ရန် ကြံရွယ်လာသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now