အပိုင်း(၄၈၉)
ရှားကျင်းရီက ပညာတတ်အသိုင်းအဝိုင်းမှ မွေးဖွားလာသူ ဖြစ်သည်။ နည်းမှန်လမ်းမှန် စဉ်းစားကြည့်လျှင် ထျန်းကျင်းရွှမ််၏ ဂုဏ်အဆင့်အတန်းက သူမနှင့် လိုက်ဖက်မှု မရှိနေပေ။
ထျန်းကျင်းရွှမ်က သူ့ဖုန်းကို ထုတ်လိုက်ပြီး စုန့်ယန်ရှုကို ဖုန်းခေါ်ခဲ့သည်။
"စုန့်ယန်ရှု၊ မနက်ဖြန် ငါ့အလုပ်အချိန်ဇယား အားလုံးကို ရှင်းပေးထားပါ။ ငါ့မှာ ကိုယ်ရေးကိုယ်တာ ပြဿနာ ရှင်းစရာလေး ရှိတယ်""ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်မ တစ်ခုတော့ တောင်းဆိုချင်တယ်။ ရှင့်ကိုယ်ရှင် ဘယ်သူလဲဆိုတာ မေ့မသွားပါနဲ့"
"အင်းပါ"
ထျန်းကျင်းရွှမ်က ဖုန်းချလိုက်ပြီး စာကြည့်ခန်းထဲ အချိန်ကုန်ဆုံးကာ အတွေးထဲ နစ်မြောနေခဲ့သည်။ထျန်းရွှမ်က ထျန်းနင်ကို မကောင်းကြံစည်ခဲ့သော နည်းလမ်းများ နှင့် ရှားကျင်းရီ၏ မျက်နှာအမူအရာကို တွေးနေမိသည်။ သူ့ဘေးနားမှာ ရှိသူများက ကြောက်လန့်ဖွယ် ကောင်းလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
နောက်တစ်နေ့
ထျန်းကျင်းရွှမ်က ရှားကျင်းရီ သူ့အိမ်မှ ထွက်လာသော မြင်ကွင်းကို စောင့်ကြည့်ပြီး သူမ၏ကားနောက် နောက်ယောင်ခံ လိုက်လာခဲ့သည်။သူမ၏ကားက လမ်းတစ်ဝက်မှာ ရပ်လိုက်ပြီး သူမ၏အတန်းဖော်ဆိုသူကို ဝင်ခေါ်သည်။ ယင်းအမျိုးသားက သူ့စံအိမ်တော်မှ အပြင်ထွက်လာပြီး ရှားကျင်းရီ၏ကားပေါ် တက်ခဲ့သည်။
ထျန်းကျင်းရွှမ်က ရှားကျင်းရီကို မီးဝင်းဝင်းတောက်သော မျက်ဝန်းများဖြင့် ငေးစိုက်ကြည့်နေသည်။
သို့သော်လည်း သူက သူတို့နှစ်ဦး သုဿန်ထဲ ဝင်သွားသည်အထိ သူတို့နောက်ကို တိတ်တဆိတ် နောက်ယောင်ခံ လိုက်ခဲ့သည်။
မတ်စောက်သော တောင်စောင်းထိပ်ထိ သူတို့နှစ်ဦး တက်သွားကြပြီး ရှားကျင်းရီက ပန်းစည်းကို ကိုင်ဆောင်ကာ သင်္ချိုင်းကမ္မည်းကျောက်စာတိုင် တစ်ခုအနား ချဉ်းကပ်သွားသည်။ တကယ်တမ်း ထျန်းကျင်းရွှမ်က သူတို့နှစ်ဦး၏ စကားသံကို မကြားနိုင်သော်လည်း ၎င်းအမျိုးသားက ရှားကျင်းရီ၏ခါးကို ဖက်ကာ ညို့ဓာတ်ပြင်းစွာ နှုတ်ခမ်းချင်း နမ်းရှိုက်နေသည်။