အပိုင်း(၅၃၄)

73 15 0
                                    

အပိုင်း(၅၃၄)

"ထျန်းမိန်းကလေး မင်းသေချာ စဉ်းစားပါဦး၊ နင် ငါ့ကို ပါးရိုက်လိုက်ရင် ထျန်းအုပ်စုက နောက်နှစ်ရောက်ရင် သူ့ရဲ့အရေးပါဆုံး စီးပွားရေး ပါတနာကို ဆုံးရှုံးသွားမယ်"

၎င်းအမျိုးသမီးက ထျန်းရွှမ်ကို တည့်တည့်ကြည့်ရှုလာသည်။

လူတိုင်း၏မျက်စိရှေ့မှာ ထျန်းရွှမ် ခြိမ်းခြောက်ခံရသည်။

သူမ ပါးရိုက်လိုက်လျှင် သူမ၏ လှုပ်ရှားမှုကို ထျန်းအကြီးအကဲ အပါအဝင် ပွဲတက်ရောက်သူ အားလုံး မျက်မြင်တွေ့သွားလိမ့်မည်။

အကယ်၍ သူမ နောက်ဆုတ်လိုက်လျှင် သူမ သိက္ခာကျလိမ့်မည်။

ထျန်းရွှမ်က ဆက်ဆံသူမိန်းကလေးကို ပါးမရိုက်ရဲလောက်ဟု တွေးနေစဉ် ဖြန်းခနဲ မြည်သော ရိုက်ချက်က ပဲ့တင်ထပ်လာသည်။ ထျန်းရွှမ်က လူအများရှေ့မှာ အမှန်တကယ် ပြဿနာ ရှာခဲ့သည်။

ဧည့်သည်တော် အားလုံးထံမှ ချီးမွမ်းစကားများကို ထျန်းနင် ရရှိခဲ့ပြီး သူမကို လျစ်လျူရှုထားသည့် အဖြစ်အပျက်ကို သူမ ရုတ်တရက် အမှတ်ရသွားသည်။ ထျန်းနင်က အရမ်းကို အရည်အချင်း ရှိနေလျှင်  သူမ ဒုက္ခပေးထားသော ပြဿနာကို မည်သို့ ဖြေရှင်းမလဲ သိချင်မိသည်။

ထျန်းရွှမ်က သူ့ရန်သူကို ဖျက်ဆီးရန် သူမကိုယ်သူမ စတေးသော နည်းလမ်းကို မည်သို့ အသုံးပြုသင့်လဲသာ သိသည်။ သူမက အကျိုးဆက်ကို စဉ်းစားတွေးခေါ်ခြင်း မရှိပေ။

"ထျန်းရွှမ်သခင်မလေးက ရူးနေတာလား။ ရှအုပ်စုရဲ့ ဆက်ဆံသူကို တကယ်ပါးရိုက်လိုက်ရလား"

"ဦးနှောက်ပျက်နေတာလား"

"ဝန်ထမ်းတွေက ကုမ္ပဏီအတွက် ခက်ခက်ခဲခဲ အလုပ်ကြိုးစားထားတဲ့ ကြိုးပမ်းမှု အားလုံးကို ဖျက်စီးပစ်လိုက်တာပဲ"

ထျန်းအုပ်စု၏ဝန်ထမ်းများက သူတို့မကျေနပ်သော ခံစားချက်ကို နှုတ်အားဖြင့် ဖွင့်ဟကြသည်။ အထူးသဖြင့် ထျန်းရွှမ်က အရေးကြီးသော ပွဲအခမ်းအနားမျိုးတွင် ရူးမိုက်သော လုပ်ရပ်ကို လုပ်ဆောင်ခဲ့၍ သူတို့ မကျေနပ်ကြပေ။ ထျန်းအုပ်စုတွင် ထျန်းနင်၏ဂုဏ်သတင်းက တစ်နေ့ထက် တစ်နေ့  တိုးတက်လာခြင်းက အံ့ဩစရာ မရှိချေ။ တစ်စုံတစ်ယောက်က ပြဿနာများကို ဖြေရှင်းနေစဉ် တခြားတစ်ယောက်က ပြဿနာ ရှာကြံနေသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now