အပိုင်း(၅၁၄)

64 9 0
                                    

အပိုင်း(၅၁၄)

ထျန်းရွှမ်က စိတ်ပျက်သော ဟန်ပန်အမူအရာဖြင့် မတ်တတ်ထရပ်ခြင်းကို လင်းရှောင်ယွမ် စောင့်ကြည့်နေသည်။ ထျန်းနင်က ဟန်ရှင်းအာကို သတ်နေသည်ဟု တစ်နိုင်ငံလုံး စွပ်စွဲခဲ့စဉ်က သူမ မည်သို့ တုံပြန်ခဲ့သနည်း။

သူမ အသံတစ်ပင် မထွက်ခဲ့ပေ။

ထျန်းနင်၏ သည်းခံနိုင်စွမ်းက ထျန်းရွှမ်ထက် သာလွန်သည်။ ထျန်းရွှမ်က ကောင်းစွာ သင်ယူခြင်း မရှိခဲ့ပုံပင်။

"ရှောင်ရွှမ် ပြောစရာရှိရင် ပွဲပြီးတဲ့အထိ စောင့်ပါ။ အိမ်ရောက်မှ ဆွေးနွေးလို့လည်းရတယ်"
ထျန်းအကြီးအကဲက ထျန်းရွှမ်၏စိတ်သဘောထားကို နားလည်သည်။ သူမကို မခံချင်စိတ် ဖြစ်အောင် အတင်းအဖျင်း ပြောဆိုကြ၍ သူတို့ရောက်နေသည့် အခြေအနေ၏ အရေးပါမှုကို လျစ်လျူရှုပြီး စိတ်ထဲရှိသည့်အတိုင်း ပြုမူနေခြင်း ဖြစ်သည်။

"ငါ ဆက်သည်းမခံနိုင်တော့ဘူး"
ထျန်းရွှမ် အော်ငေါက်သည်။
"ငယ်ငယ်တည်းက မိသားစုထဲမှာ ငါက အကြိုးစားဆုံးပဲ။ ထျန်းမိသားစုဝင်အနေနဲ့ အမြဲတမ်း ကြိုးစား အားထုတ်ရမယ်မှန်း သိနေလို့ ကိုယ့်တာဝန်ကိုယ် အပြည့်အဝ ယူတတ်အောင် အမြဲလေ့လာ သင်ယူခဲ့ပါတယ်။ အလုပ်ကို လေးလေးစားစား အမြဲလုပ်ကိုင်ခဲ့ပြီး တစ်ချက်လေးတောင် မငြီးခဲ့ဘူး"

"ဘာပဲလုပ်လုပ် ထျန်းမိသားစု ကောင်းကျိုးအတွက်ပဲ တွေးခဲ့တယ်။ ငါတို့မိသားစုရဲ့ရေမွှေးထုတ်ကုန်တွေ နာမည်ကျော်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ပါရက်နဲ့ ထျန်းအုပ်စုရဲ့ စီအီအိုက ငါ့ကို ထျန်းအုပ်စုကနေ မောင်းထုတ်ခဲ့တယ်"

"ငါ ပြောချင်တဲ့ သဘောက ထျန်းမိသားစုအတွက် ဘာမဆို သည်းခံနိုင်ပေမဲ့ ဒီနားကသူတွေက မြေးကို နှိမ့်ချ ပြောနေတာ ဘိုးဘိုး မကြားတာလား။ ဒါက မျှတတယ်လို့ရော ဘိုးဘိုး ထင်ရဲ့လား။ မြေး အရမ်းအလုပ်ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ တစ်ခါလေတောင် မချီးမွမ်း ကြဘူး။ အခုမှ ထျန်းနင်က ထျန်းအုပ်စုရဲ့ အလုပ်ကို ကူညီပေးရုံရှိသေးတယ်။ အားလုံးက သူ့ကို ထျန်းအုပ်စုရဲ့ မျှော်လင့်ချက်လို ဆက်ဆံကြတယ်။ ရှင်တို့တွေ ဘက်လိုက်နေတာ သိကြရဲ့လား"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now